25 C
Yangon

ကျောက်ပန်းတောင်းတွင် “ကြိုက်တဲ့ PDF ပေါ်တင်လာခဲ့” ဟု စိန်ခေါ်ခဲ့သည့် တံခွန်တိုင်ရွာ အုပ်ချုပ်ရေးမှူး သိန်းမြင့်နှင့် သားဖြစ်သူ ပျူစောထီး ဝင်မင်းသန့် တို့ ပစ်ခတ်ခံရပြီး ၂ ဦးလုံးသေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၉

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်တွင် “ကြိုက်တဲ့ PDF ပေါ်တင်လာခဲ့” ဟု စိန်ခေါ်ထားသည့် တံခွန်တိုင်ရွာ အုပ်ချုပ်ရေးမှူး သိန်းမြင့်နှင့် သားဖြစ်သူ ပျူစောထီး ဝင်မင်းသန့် တို့ကို ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦးလုံး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း မကွေး ပြောက်ကျားတပ်ဖွဲ့ တာ၀န်ခံ ကံကြီးမောင် က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၈ ရက်နေ့ နံနက် ၁၁ နာရီ ၄၂ မိနစ်ခန့်တွင် ကျောက်ပန်းတောင်းမြို့နယ်၊ တံခွန်တိုင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဖိုးထော် (ခ) သိန်းမြင့် နှင့် သားဖြစ်သူ ပျူစောထီး ဝင်မင်းသန့်ဆိုသူကို ၎င်းတို့ နေအိမ် အတွင်း သေနတ်ဖြင့် ၁၄ ချက် ပစ်ခတ်တိုက်ခိုက်ရာ ၂ ဦးလုံးပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော အုပ်ချုပ်ရေးမှူး သိန်းမြင့် ဆိုသူသည် ၈၈ မျိုးဆက် စီးပွားရေး ခရိုနီအရင်းရှင်တစ်ဦးဖြစ်ပြီး ကျေးရွာအတွင်း လျှပ်စစ် မီတာခများ အတင်းအဓမ္မ ကောက်ယူခြင်း၊ ပျူစောထီး ၁၃ ဦးကို ဦးဆောင်၍ သင်တန်းပေးခြင်း၊ “ကြိုက်တဲ့ PDF ပေါ်တင်လာခဲ့” ဟု စိန်ခေါ်ခြင်း၊ သားဖြစ်သူ ဝင်းမင်းသန့် ဆိုသူမှာလည်း ပျူစောထီး သင်တန်းဆင်း ဖြစ်ခြင်းတို့ကြောင့် ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Magway Guerrilla Warfare (မကွေးပြောက် ကျားတပ်ဖွဲ့) နှင့် ဒေါင်းစစ်သည် ပြောက် ကျားတပ် (နတ်မောက်) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ ဒေါက်တိုင် မှန်သမျှကို ဖက်ဆစ် အဏာရှင်စနစ်ကျဆုံးသည် အထိ တိုက်ခိုက်ချေမှုန်းသွား ဖြစ်ကြောင်း၊ ပြည်သူ လူထုအနေဖြင့် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း ပါဝင်ပေးကြရန် နှင့် စစ်သား၊ ရဲများ၏ အနီးကို အထူး သတိထား သွားလာကြရန် မကွေး ပြောက်ကျားတပ်ဖွဲ့ တာ၀န်ခံ ကံကြီးမောင် က ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article