26 C
Yangon

မွန်ပြည်ဖက်ဒရယ်ကောင်စီ ပြည်ထဲရေးဌာန ဌာနမှူး နိုင်ပညာမာန်က ရေး-ထားဝယ်ကားလမ်းပိုင်း၌ ခရီးသွားပြည်သူလူထုနှင့်တွေ့ဆုံပြီး တော်လှန်ရေးတွင် ပူးပေါင်းပါဝင်ပေးကြရန် မေတ္တာရပ်ခံ

Must read

ရန်ကုန်၊ ဧပြီ ၉

မွန်ပြည်နယ် ဖက်ဒရယ်ကောင်စီ အုပ်ချုပ်ရေးကော်မတီဝင်၊ ပြည်ထဲရေးဌာန ဌာနမှူး နိုင်ပညာမာန် နှင့်အဖွဲ့က ရေး – ထားဝယ်လမ်းပိုင်း၌ ခရီးသွားပြည်သူလူထုနှင့်တွေ့ဆုံကာ တော်လှန်ရေးတွင်ပူး ပေါင်းပါဝင်ပေးကြရန် မေတ္တာရပ်ခံပြောဆိုခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၂၉ ရက်နေ့က မွန်ပြည်နယ်၊ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီး၊ ရေး -ထားဝယ် လမ်းပိုင်း၌ ခရီးသွားပြည်သူလူထုကို မွန်ပြည်ဖက်ဒရယ်ကောင်စီ အုပ်ချုပ်ရေးကော်မတီဝင်၊ ပြည်ထဲ ရေး ဌာနမှ ဌာနမှူး နိုင်ပညာမာန်နှင့် အဖွဲ့သားများက တွေ့ဆုံခဲ့ပြီး လုံခြုံရေးအတွက် သတိပြုရမည့် အချက်များ ရှင်းလင်းပြောကြားကာ တော်လှန်ရေးအင်အားစုများနှင့် အတတ်နိုင်ဆုံး ပူးပေါင်းပေး ကြပါရန်လည်း မေတ္တာရပ်ခံခဲ့ကြောင်း သိရသည်။

အမှတ် ၈ ပြည်ထောင်စုလမ်းမ၊ ရေး-ထားဝယ်ကားလမ်းပိုင်းတွင် တော်လှန်ရေးမဟာမိတ် တပ် ပေါင်းစုများ လုံခြုံရေးရယူနေစဉ်အတွင်း ပြည်ထဲရေးဌာနမှ ခရီးသွားပြည်သူများနှင့်တွေ့ဆုံကာ စကားပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မွန်ပြည်ဖက်ဒရယ်ကောင်စီသည် စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်ဟူသမျှ ပျက်သုဉ်း ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရှိသော ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးအတွက် တိုက်ပွဲဝင်နေသည့် ပြည်နယ်/ဖက်ဒရယ်ယူနစ်အခြေပြု နိုင်ငံရေး အစုအဖွဲ့တခုဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #မွန်ပြည်ဖက်ဒရယ်ကောင်စီ #ရေး-ထားဝယ်ကားလမ်းပိုင်း #တော်လှန်ရေးတွင် ပူးပေါင်းပါဝင်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article