25 C
Yangon

မြစ်ကြီးနား-ဖားကန့်လမ်းပေါ်ရှိ စစ်ကောင်စီ၏ နန့်ယားကျေးရွာ ဂိတ်တပ်စခန်းကို KIA ဦးဆောင်သော မဟာမိတ်တပ်များ ဝင်တိုက်ခိုက်နေ

Must read

ရန်ကုန်၊ ဧပြီ ၉

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မြစ်ကြီးနား-ဖားကန့်လမ်းပေါ်ရှိ စစ်ကောင်စီ၏ နန့်ယားကျေးရွာ စစ်တပ် ဂိတ်စခန်းကို KIA ဦးဆောင်သော မဟာမိတ်တပ်များက ဝင်ရောက်တိုက်ခိုက်နေကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။

ဧပြီလ ၉ ရက်နေ့ နံနက် ၆ နာရီ အချိန်မှစတင်ပြီး KIA ဦးဆောင်သော မဟာမိတ်တပ်များက မြစ်ကြီးနား-ဖားကန့်လမ်းပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ နန့်ယားစစ်တပ် ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်ပြီး တိုက်ပွဲ ပြင်းထန်နေကြောင်း၊ အဆိုပါ နန့်ယားဂိတ်သည် ဖားကန့်သို့လာသည့် ခရီးသည်တင်ကားများ၊ ကုန်ကားများအားလုံးကို ပိတ်ဆို့ စစ်ဆေးသည့် အဓိက စစ်တပ် ဂိတ်စခန်းကြီးတစ်ခုဖြစ်ပြီး ယင်းစခန်းတွင် စစ်အင်အား ၂၅၀ နီးပါး တပ်စွဲထားကြောင်း၊ စစ်သားများ၊ ပြည်သူ့စစ်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ စစ်ဆေးကြသည့် စုပေါင်းဂိတ်စခန်းလည်းဖြစ်ကြောင်း သိရှိရသည်။

“နန့်ယားဂိတ်ကတော့ အတောင်းအရမ်း နာမည်ကြီးတဲ့ ဂိတ်စခန်း၊ မထင်ရင် မထင်သလို ပြည်သူတွေကို ဖမ်းဆီး လေ့ရှိတဲ့ ဂိတ်စခန်း၊ စစ်ဆေးရေးဂိတ်နဲ့ စစ်တပ်စခန်းနဲ့တွဲထားတာ။ တိုက်ပွဲကြောင့် ပစ်ခတ်သံတွေတော့ တောက်လျှောက်ပဲ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဖားကန့်မြို့နယ်၊ နန့်ယားရွာတွင် စစ်တပ်က တပ်စွဲထားသဖြင့် နန့်ယားဂိတ်ဟု ခေါ်တွင်ခြင်းဖြစ်ပြီး ဖားကန့်မြို့မှ မိုးကောင်း-မြစ်ကြီးနားသို့ သွားလျှင်သော်လည်းကောင်း၊ မြစ်ကြီးနားမှ ဖားကန့်သို့သွားလျှင်သော်လည်း ခရီးသည်များ၊ ကုန်ကားများ ခရီးတစ်ထောက်နားနေကြသည့် ဂိတ်စခန်းကြီးဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ – နန့်ယားစစ်တပ်ဂိတ်။ (ပုံအဟောင်းဖြစ်ပါသည်။)

Photo- KNG

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #နန့်ယားကျေးရွာ ဂိတ်တပ်စခန်း #မြစ်ကြီးနား-ဖားကန့်လမ်း #KIA ဦးဆောင်သော မဟာမိတ်တပ်များ

နန့်ယားစစ်တပ်ဂိတ်။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article