29 C
Yangon

လျှင်မြန်ဆန်စွာ ပြောင်းလဲနေသော မြန်မာ့အရေး အခြေအနေများကြောင့် ထိုင်းဝန်ကြီးချုပ်က အရေးပေါ် အစည်း အဝေးခေါ်ယူပြီး နယ်စပ်ကုန်သွယ်ရေး အပါအဝင် အခြေအနေများကို စောင့်ကြည့်ရန် အလုပ်ကော်မတီတစ်ခုဖွဲ့စည်း

Must read

ရန်ကုန်၊ ဧပြီ ၉

ထိုင်းနိုင်ငံ၊ ဝန်ကြီးချုပ် Srettha Thavisin က လျှင်မြန်ဆန်စွာ ပြောင်းလဲနေသော မြန်မာ့အရေး အခြေအနေများကြောင့် ယနေ့နံနက်ပိုင်း အရေးပေါ် အစည်းအဝေးခေါ်ယူပြီး အလုပ်ကော်မတီတစ်ခုဖွဲ့စည်းလိုက်ကြောင်း ၎င်း၏ လူမှုကွန်ရက် စာမျက်နှာမှ တစ်ဆင့် သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အခြေအနေများသည် ထိုင်းနိုင်ငံအတွက် အရေးကြီးကြောင်း၊ မြန်မာနိုင်ငံငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေး၊ နှစ်နိုင်ငံ ပြည်သူများ အကျိုးစီးပွားအတွက် ထိုင်းနိုင်ငံက မူဝါဒချမှတ်အလုပ်လုပ်နေကြောင်း၊ ယနေ့ နံနက်ပိုင်းတွင် အရေးပေါ် အစည်းအဝေး ခေါ်ယူ၍ ထိုင်း-မြန်မာနယ်စပ်အရေးကိစ္စ ဆွေးနွေးကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် လူသားချင်းစာနာထောက်ထားမှု အတွက် ပံ့ပိုးလျက်ရှိကြောင်း၊ နယ်စပ်ကုန်သွယ်ရေး အပါအဝင် မြန်မာနိုင်ငံတွင်း တည်ငြိမ်အေးချမ်းရေးအတွက် နယ်ပယ်ပေါင်းစုံနှင့် လက်တွဲ အလုပ်လုပ်ရန် အဆင်သင့်ဖြစ်နေကြောင်း၊ ဖြစ်ပေါ်နေသော အခြေအနေများကြောင့် နယ်စပ်ကုန်သွယ်ရေး အပါအင် ဖြစ်ပေါ်လာနိုင်သော သက်ရောက်မှုများကိုလည်း လေ့လာစောင့်ကြည့်နေကြောင်း ထိုင်းဝန်ကြီးချုပ်က ဆိုသည်။

ထို့နောက် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ဦးဆောင်မည့် မြန်မာ့အရေး ဆိုင်ရာ အလုပ်ကော်မတီတစ်ခုကို ဖွဲ့စည်းမည်ဖြစ်ပြီး အဆိုပါအလုပ်ကော်မတီတွင် ထိုင်းလုံခြုံရေးဌာနမှ အတွင်းရေးမှူးက နိုင်ငံခြားရေးဝန်ကြီးဌာနနှင့်အတူ ပူးတွဲတာဝန်ယူမည်ဖြစ်ကြောင်း ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ လုပ်ငန်းစဉ်များတွင် ထိုင်းလုံခြုံရေးဌာန အတွင်းရေးမှူးက ပံ့ပိုးကူညီဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #မြန်မာ့အရေး အခြေအနေမျာ#ထိုင်းဝန်ကြီးချုပ် #အလုပ်ကော်မတီ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article