38 C
Yangon

မော်လမြိုင်ဘက်မှ သံချပ်ကာ ကားနှင့်စစ်ယာဉ်တန်းများ ဘားအံဘက်သို့ ဦးတည်လာနေပြီး မြ၀တီမြို့ပြင် နေရာတချို့တွင် မီးလောင်နေ၊ ခလရ ၂၇၅ တိုက်ပွဲတွင် စစ်တပ်ဘက်မှ အထိနာဟုဆို

Must read

မော်လမြိုင်ဘက်မှ သံချပ်ကာ ကားနှင့်စစ်ယာဉ်တန်းများ ဘားအံဘက်သို့ ဦးတည်လာနေပြီး မြ၀တီမြို့ပြင် နေရာတချို့တွင် မီးလောင်နေ၊ ခလရ ၂၇၅ တိုက်ပွဲတွင် စစ်တပ်ဘက်မှ အထိနာဟုဆို

ရန်ကုန်၊ ဧပြီ ၁၀

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ သံချပ်ကာကားနှင့် စစ်ယာဉ်တန်းများ ကရင်ပြည်နယ် ဘားအံဘက်သို့ ဦးတည် လာနေမှုများရှိနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဧပြီလ ၁၀ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်အချိန် သံလွင်တံတား (ဘားအံ့ )ပေါ်တွင် စစ်ကား ၂၀ စီးနှင့် သံချပ်ကာ

ကား ၁၀ စီး စုစုပေါင်း စစ်ကား ၃၀ စီးပါ ယာဉ်တန်း ဖြတ်သန်းသွားကြောင်း၊ဘားအံဘက်သို့ ဦးတည်နေကြောင်း သိရှိရသည်။

“မနက်၆နာရီဝန်းကျင်လောက်မှာ သံလွင်တံတား(ဘားအံ) ပေါ်ကနေ စစ်ယာဉ်တန်းသွားတာမြင်လိုက်ရတယ်။ စစ်ကားပေါ်မှာ တစ်စီးကို စစ်သား ၁၀ ဦးလောက်ပါတယ်။ စစ်ကားက၂၀စီးလောက်လူအပြည့်ပဲ။ အင်အား ၂၅၀ ဝန်းကျင်တော့ရှိမယ်ထင်တယ်။ သံချပ်ကာကားတွေလည်းပါတယ်” ဟု မျက်မြင်ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင်လည်း လုံခြုံရေး တင်းကျပ်မှုများရှိနေပြီး ဘားအံအဝင်အထွက်တွင် စစ်ကားတချို့ ကင်းလှည့်သွားလာမှုများရှိကြောင်း ဒေသပြည်သူတချို့က ဆိုကြသည်။

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်ဘက်တွင်မူ ယနေ့ နံနက်ပိုင်းအထိ ပစ်ခတ်သံနှင့်ပေါက်ကွဲသံတချို့ ကြားရပြီး မြ၀တီ၊ မြေနီကုန်းအနီးမှ မြ၀တီမြို့ပြင်ဘက်တွင် မီးလောင်ကျွမ်းမှုကို မြင်တွေ့ရကြောင်း ဒေသပြည်သူများက ဆိုကြသည်။

ယမန်နေ့ နေ့လယ်ပိုင်းမှ ဖြစ်ပွားခဲ့သော ခလရ ၂၇၅ကို တော်လှန်ရေးတပ်များက တိုက်ခိုက်နေသည့် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၂၅ ဦး (၄ + ၂၁ ) သေဆုံးကြောင်း၊ ၁၅ ဦးဒဏ်ရာရရှိထားဖြင့် လေကြောင်း ပစ်ကူပေးရန် စစ်ကူတောင်းခံမှုများရှိနေသည်ဟု ကြေးနန်းသတင်းအရ သိရှိရကြောင်း ကြားဖြတ်ဖမ်းယူခဲ့သော သတင်းအချက်အလက်ကို ကိုးကား၍ တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဓာတ်ပုံ- မြ၀တီမြို့၊ မြေနီကုန်းမီးပွိုင့်အနီး ယနေ့ နံနက်ပိုင်း မီးလောင်နေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article