26 C
Yangon

၁၉၈၂ နိုင်ငံသားဥပဒေ ဖျက်သိမ်းရေး၊ အကြမ်းဖက်စစ်တပ်၏ ပြည်သူ့စစ်မှုထမ်းဥပဒေကို အလျှင်အမြန် တုန့်ပြန်ဆောင်ရွက်ရန် အပါအဝင် အချက် ၃ ချက်ကို ဒုတိယအကြိမ် ပြည်သူ့ ညီလာခံက အတည်ပြု ဆုံးဖြတ်

Must read

၁၉၈၂ နိုင်ငံသားဥပဒေ ဖျက်သိမ်းရေး၊ အကြမ်းဖက်စစ်တပ်၏ ပြည်သူ့စစ်မှုထမ်းဥပဒေကို အလျှင်အမြန် တုန့်ပြန်ဆောင်ရွက်ရန် အပါအဝင် အချက် ၃ ချက်ကို ဒုတိယအကြိမ် ပြည်သူ့ ညီလာခံက အတည်ပြု ဆုံးဖြတ်

ရန်ကုန်၊ ဧပြီ ၁၀

အကြမ်းဖက်စစ်တပ်၏ တရားမဝင် ပြည်သူ့စစ်မှုထမ်းဥပဒေကို အလျှင်အမြန်တုန့်ပြန်ဆောင်ရွက်ရန် အပါအဝင် အချက် ၃ ချက်ကို ဒုတိယအကြိမ် ပြည်သူ့ညီလာခံတွင် ဆုံးဖြတ်အတည်ပြုနိုင်ခဲ့ကြောင်း NUCC ဒုတိယ အကြိမ် ပြည်သူ့ညီလာခံ ကျင်းပရေးကော်မတီမှ ဦးနန္ဒာစစ်အောင်က ရန်ကုန်ခေတ် သစ် သတင်းဌာန ထံသို့ ပြောကြားသည်။

ဧပြီလ ၄ ရက်နေ့မှ ၉ ရက်နေ့အထိ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီမှ ဦးဆောင်ကျင်းပ သော ဒုတိယအကြိမ် ပြည်သူ့ ညီလာခံတွင် တက်ရောက်သူ ကိုယ်စားလှယ်များမှ ဆွေးနွေးသုံးသပ် ချက်များ၊ အဆိုပြုချက်များ၊ အကြံပြုချက်များထဲမှ ဒေသန္တရာ အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေး ကိစ္စ၊ အကြမ်းဖက်စစ်တပ်၏ တရားမဝင်ပြည်သူ့စစ်မှုထမ်းဥပဒေကိစ္စနှင့် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံ သား ဥပဒေကိစ္စများကို ဆုံးဖြတ်အတည်ပြု နိုင်ခဲ့ကြောင်း သိရသည်။

ဒေသန္တရ အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေး ကိစ္စကို မြေပြင်အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ လုံခြုံရေး ယန္တရားများဖြစ်သည့် (ပအဖ၊ ပကဖ၊ ပလဖ) တို့ကို ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်နှင့်အညီ စနစ် တကျ လုပ်ဆောင်နိုင်ရန်နှင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန် အတွက် အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် သက်ဆိုင်ရာ တော်လှန်ရေး အင်အားစုများအကြား ဟန်ချက်ညီ လုပ်ဆောင်နိုင်သော ယန္တရား များအဖြစ် သုံးသပ်ပြင်ဆင် တည်ဆောက်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အလားတူ အကြမ်းဖက်စစ်တပ်၏ တရားမဝင် ပြည်သူ့စစ်မှုထမ်းဥပဒေကိစ္စနှင့် ပတ်သက်၍ အကြမ်း ဖက်စစ်တပ်၏ တရားမဝင်ပြည်သူ့စစ်မှုထမ်းဥပဒေကို ဆန့်ကျင်တိုက်ဖျက်ရန်နှင့်ယင်းဥပဒေကြောင့် ဖြစ်ပေါ်လာသော သက်ရောက်မှုများကို လူထုနှင့် တော်လှန်ရေးအင်အားစု အသီးသီး ပူးပေါင်းပြီးမဟာဗျူဟာမြောက် အလျင်အမြန် တုန့်ပြန်ဆောင်ရွက်ရမည်ဖြစ်သည်ဟု ဆိုသည်။

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေသည် ဖျက်သိမ်းရမည့် ဥပဒေဖြစ်သည်ကို ဒုတိယအကြိမ် ပြည် သူ့ ညီလာခံကြီးမှ ဆုံးဖြတ်လိုက်ပြီး ယင်းဥပဒေဖျက်သိမ်းရေးနှင့် ပတ်သက်၍ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဥ် ဖော်ပြချက်ပါ ကြားကာလ ဥပဒေပြုရေး အခန်း ၅ ၏ ဖော်ပြချက်များအတိုင်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

“ဒီညီလာခံနဲ့ပတ်သက်ပြီး NUCC ကနေ ထုတ်ပြန်ချက် ၂ ခုရှိပါတယ်၊ နောက်ဆက်တွဲ အကြံပြုချက် တွေရှိမယ်၊ အဆိုပြုချက်တွေရှိမယ်ပေါ့၊ ဒါတွေကိုလည်း ပူးတွဲပြီး ထုတ်ပြန်ထားပါတယ်။ ညီလာခံက နေ အတည်ပြုဆုံးဖြတ်ချက်ချနိုင်ခဲ့တာကတော့ ဒီ ၃ ချက်ကိုပဲ ပေါ့၊ ဒီအချက်တွေကို ဘယ်လို ဆက် လက်ပြီးတော့ အကောင်အထည်ဖော်မလဲဆိုတာတော့ ဆက်လက်လုပ်ဆောင်ရမယ့် ကိစ္စတွေ ဖြစ်ပါ တယ်၊ ညီလာခံကနေ လမ်းညွှန်ပေးတာပေါ့၊ ဘယ်လိုဆောင်ရွက်မလဲဆိုတာကတော့ NUG နဲ့ NUCC ကြားမှာ ပြန်လည်ဆွေးနွေးတာတွေရှိမှာပေါ့၊ လက်ရှိကတော့ ညီလာခံရဲ့ဆုံးဖြတ်အဆင့်ပဲ ရယူတာ ပေါ့၊” ဟု NUCC ဒုတိယ အကြိမ် ပြည်သူ့ညီလာခံ ကျင်းပရေးကော်မတီမှ ဦးနန္ဒာစစ်အောင် က ရန် ကုန် ခေတ်သစ် သတင်းဌာန ထံသို့ ပြောကြားသည်။

ထို့ပြင် ကျန်ရှိသော ဆွေးနွေးအဆိုပြုချက်များကို ညီလာခံ၏ အဆိုပြုချက်များနှင့် သဘော ထား စုစည်း ချက်များ အဖြစ် သတ်မှတ်ကာ သက်ဆိုင်ရာ နိုင်ငံရေး ဦးဆောင်အစု အဖွဲ့များမှ ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်နှင့် အညီ ညှိနှိုင်းတိုင်ပင် ဆောင်ရွက်သွားကြရန်လည်း ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ညီလာခံတက်ရောက်သူ ကိုယ်စားလှယ်များမှ ဆွေးနွေးသုံးသပ်ချက်များ၊ အဆိုပြုချက်များ၊ အကြံပြု ချက် များကို ညီလာခံမှ မှတ်တမ်းတင်ခဲ့ပြီး သက်ဆိုင်ရာ နိုင်ငံရေး ဦးဆောင်အစုအဖွဲ့များမှ ဖက်ဒ ရယ် ဒီမိုကရေစီ ပဋိညာဉ်နှင့်အညီ ညှိနှိုင်းတိုင်ပင် ဆောင်ရွက်သွားကြရန်လည်း ဆုံးဖြတ်ခဲ့ကြောင်း NUCC က ထုတ်ပြန်ထားသည်။

အဆိုပါ ပြည်သူ့ညီလာခံကို ၆ လတစ်ကြိမ်ပုံမှန်ကျင်းပသွားမည်ဖြစ်ပြီး ယခု ဒုတိယအကြိမ် မြောက် ပြည်သူ့ညီလာခံသို့ နွေဦးတော်လှန်ရေးအတွင်း တိုက်ပွဲဝင်နေကြသော အင်အားစုများမှ ပြည် ထောင် စုလွှတ်တော် ကိုယ်စားပြုကော်မတီအပါအဝင် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံ ရေးပါတီ ကိုယ်စားလှယ်များ၊ နွေဦးတော်လှန်ရေး အင်အားစုများမှ ကိုယ်စားလှယ်များ၊ တိုင်းရင်း သား လက်နက်ကိုင်တော်လှန်ရေးအင်အားစုများမှ ကိုယ်စားလှယ်များ၊ ကြားကာလ ပြည်နယ်/ ဖက် ဒရယ် ယူနစ်ကောင်စီ များမှ ကိုယ်စားလှယ်များ စုစုပေါင်း ညီလာခံ ကိုယ်စားလှယ် ၂၀၄ ဦး တက် ရောက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ညီလာခံ၌ ပါဝင်ဆွေးနွေးရန် အထူးဖိတ်ကြားထားသူ ၁၀၄ ဦး၊ လေ့လာ သူ ၁၂၈ ဦးရှိခဲ့ပြီး တက်ရောက်သူများထဲတွင် အမျိုးသား ၆၄ ဒသမ ၉ ရာခိုင်နှုန်း၊ အမျိုးသမီး ၃၄ ဒသမ ၃ ရာခိုင်နှုန်း နှင့် အခြား ၀ ဒသမ ၈ ရာခိုင်နှုန်း တက်ရောက်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article