25 C
Yangon

မြ၀တီခလရ ၂၇၅ တပ်ကို ယမန်နေ့ည ၁၀ နာရီတွင် သိမ်းပိုက်ရရှိပြီး တပ်မ ၄၄ တပ်မမှူး နှင့် စစ်အင်အား ၂၀၀ အမှတ် ၂ ချစ်ကြည်ရေးတံတားဘက်သို ဆုတ် ခွာသွားဟု KNU ပြောခွင့်ရ ပဒိုစောတောနီး အတည်ပြု

Must read

ကော့ကရိတ်နှင့်မြ၀တီဘက်သို စစ်ကောင်စီ၏ စစ်ကူစစ်ကြောင်းများ ဆက်လက် တက်လာနေပြီး စစ်သင်္ဘော၃ စီး လည်း သံလွင်မြစ်ကြောင်း အတိုင်း ဝင်ရောက်လာ

ရန်ကုန်၊ ဧပြီ ၁၁

ကရင်ပြည်နယ်၊ မြ၀တီခလရ ၂၇၅ တပ်ကို ယမန်နေ့ည ၁၀ နာရီတွင် သိမ်းပိုက်ရရှိပြီး တပ်မ ၄၄ တပ်မမှူး နှင့် စစ်အင်အား ၂၀၀ အမှတ် ၂ ချစ်ကြည်ရေးတံတားဘက်သို ဆုတ်ခွာသွားကြောင်း KNU ပြောခွင့်ရ ပဒိုစောတောနီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို အတည်ပြုပြောဆိုသည်။

“မနေ့ည ၁၀ နာရီမှာ ခလရ ၂၇၅ ကို ရပါတယ်။ တပ်မ ၄၄ တပ်မမှူးနဲ့ သူ့ရဲ့ နောက်လိုက် စစ်အင်အား ၂၀၀ လောက်က အမှတ် ၂ ချစ်ကြည်ရေးတံတားဘက်ကို ဆုတ်ခွာသွားပါတယ်” ဟု KNU ပြောခွင့်ရ ပဒိုစောတောနီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို အတည်ပြုပြောဆိုသည်။

လက်ရှိတွင် ကော့ကရိတ်နှင့် မြ၀တီဘက်သို လမ်းများအားလုံးမှ စစ်တပ်စစ်ကူစစ်ကြောင်းများ တက်လာနေကြောင်း၊ စစ်ကောင်စီတပ်က ကော့ကရိတ်ကို အခြေပြု၍ မြ၀တီဘက်သို ပြန်လည် ထိုးစစ်ဆင် တိုက်ခိက်ရန် လှုပ်ရှားနေကြောင်း သိရှိရသည်။

“ဒီနေ့မနက် ၅ နာရီ ဝန်းကျင်လောက်မှာ ဘားအံ ၂၀၁ တပ်ရင်းက ထောက်ပိုကားအစီးရေ ၃၀ ဝန်းကျင်ခန့် အာရှလမ်းအတိုင်း တက်သွားတယ်။ မနက် ၆ နာရီဝန်းကျင်မှာလည်း နောက်ထပ်ကား အစီးရေ ၂၀ခန့်ထပ်တက်သွားပါတယ်။ ဒုတိယအသုတ်ကားများတွင် ယာယီတံတားထိုးနိုင်တဲ့ ကားအမျိုးအစားတွေလည်းပါသွားပါတယ်။ စစ်သည်အင်အားကတော့ စစ်ကားတစ်စီး ၄ ဦးနဲ့ ၅ ဦးလောက်ပဲ ပါသွားတယ်”ဟု ဒေသသတင်းရင်းမြစ် Hpa-an News က ပြောဆိုသည်။

ထိုပြင် ကော့ကရိတ်၊ ဂျိုင်းတံတားဘက်သို ဦးတည်၍ သံလွင်မြစ်ကြောင်းအတိုင်း စစ်သင်္ဘောအကြီး ၃ စီး သွားရောက်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောဆိုသည်။

ထိုအတူ ယနေ့ နံနက် ၉ နာရီ ၂၅ မိနစ်အချိန် မြ၀တီဘက်သို ထေ့ကေ့ကိုကိုး လမ်းအတိုင်းအကြမ်းဖက် စစ်တပ်စစ်ကြောင်းတစ်ခု ခြေလျင် တက်လာသည်ကို မြင်တွေ့ရကြာင်း ဒေသပြည်သူများက ဗီဒီယိုများနှင့်တကွ ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို သတင်းပေးပိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #မြ၀တီခလရ ၂၇၅ တပ် #ပဒိုစောတောနီး #အမှတ် ၂ ချစ်ကြည်ရေးတံတား

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article