28 C
Yangon

မြန်မာနိုင်ငံအတွင်းမှ ပဋိပက္ခများကို ထိုင်းမြေပေါ်အထိ ရောက်ရှိခွင့်ပြုမည်မဟုတ်ဘဲ စစ်ကောင်စီ၏ တိုက်လေယာဉ်များကို ထိုင်းလေပိုင်နက်တွင် ပျံသန်းခွင့်မပြုဟု ထိုင်းဝန်ကြီးချုပ်က ပြောဆို

Must read

ရန်ကုန်၊ ဧပြီ ၁၁

မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော ပဋိပက္ခများကို ထိုင်းမြေပေါ်အထိ ရောက်ရှိ ခွင့်ပြုမည်မဟုတ်ဘဲ စစ်ကောင်စီ၏ တိုက်လေယာဉ်များကိုလည်း ထိုင်းလေပိုင်နက်တွင် ပျံသန်းခွင့် ပေးမည်မဟုတ်ကြောင်း ထိုင်းဝန်ကြီးချုပ် Srettha Thavisin က ယနေ့ ထုတ်ဖော်ပြောဆိုသည်။

ယနေ့ နံနက်ပိုင်း သတင်းထောက်များနှင့် တွေ့ဆုံစဉ် ထိုင်း-မြန်မာနယ်စပ် အရေး မေးမြန်းမှုများအပေါ် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှ ပဋိပက္ခနှင့် တိုက်ခိုက်မှုများကို ထိုင်းနိုင်ငံဘက်သို့ ရောက်ရှိမှုမျိုးကို လက်ခံမည်မဟုတ်ကြောင်း၊ ထိုင်းနိုင်ငံ၏ လေပိုင်နက်ကို စစ်ကောင်စီ၏ တိုက်လေယာဉ်များက အသုံးပြုမည်ကိုလည်း ခွင့်ပြုမည်မဟုတ်ကြောင်း၊ ထိုင်းစစ်တပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ရှင်းလင်းသော ပြတ်သားသောညွှန်ကြားမှုနှင့် သတင်း စကား ပေးပို့ထားကြောင်း၊ မြန်မာနိုင်ငံတွင်း ဖြစ်ပျက်နေမှုများသည် ပြည်တွင်းရေး ပြဿနာဖြစ် ကြောင်း ထိုင်းဝန်ကြီးချုပ်က ပြောဆိုသည်။

ထိုင်းလေပိုက်နက်တွင် ကင်းလှည့်မှုများ လုပ်ဆောင်နေပြီး အိမ်နီးချင်း မြန်မာ နိုင်ငံနှင့် တင်းမာမှုများ မဖြစ်ပွားလိုကြောင်း၊ မြန်မာဒုက္ခသည် ၁ သိန်းကို လက်ခံမည်ဖြစ်ပြီး လက်ရှိ အခြေအနေကိုလည်း ပြန်လည် သုံးသပ်နေကြောင်း ပြောဆိုသွားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ထိုင်းဝန်ကြီးချုပ် #ထိုင်းမြေပေါ် #စစ်ကောင်စီ၏ တိုက်လေယာဉ်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article