25 C
Yangon

တောင်ငူမြို့ ၁၆ ရပ်ကွက်တွင် စစ်မှုထမ်းရန် စေလွှတ်ခံရသည့် အသက် ၂၅ နှစ်အရွယ် ကိုအေးချမ်း ကြိုးဆွဲချသေဆုံး၊ အသက် ၄ နှစ်အောက် ကလေးငယ် ၂ ဦး ကျန်ရစ်ခဲ့

Must read

ရန်ကုန်၊ ဧပြီ ၁၁

ပဲခူးတိုင်း၊ တောင်ငူမြို့ ၁၆ ရပ်ကွက်တွင် စစ်မှုထမ်းရန် စေလွှတ်ခံရသည့် အသက် ၂၅ နှစ်အရွယ် ကိုအေးချမ်း ကြိုးဆွဲချသေဆုံးခဲ့ပြီး အသက် ၄ နှစ်အောက် ကလေးငယ် ၂ ဦး ကျန်ရစ်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၈ ရက်နေ့တွင် တောင်ငူမြို့ ၁၆ ရပ်ကွက် ဈေးလမ်းတွင် နေထိုင်သော အသက် ၂၅ နှစ်အရွယ် ကိုအေးချမ်းကို အုပ်ချုပ်ရေးမှူးက စစ်သင်တန်း တက်ရောက်ရန် နေအိမ်၌ သွားရောက် ပြောဆိုပြီးနောက် ည ၁၁ နာရီခန့်တွင် ကိုအေးချမ်းက နေအိမ်အတွင်း၌ ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း သိရသည်။

“တောင်ငူမြို့ ၁၆ရပ်ကွက် ဈေးလမ်းမှာနေတဲ့ ကိုအေးချမ်းကို အုပ်ချုပ်ရေးမှူးက စစ်သင်တန်းတက်ရောက်ရမယ်လို့ နေအိမ်မှာသွားပြောပြီးတဲ့နောက် ညပိုင်းမှာပဲ ကြိုးဆွဲချ သတ်သေသွားတယ်လို့သိရတယ်။ ကိုအေးချမ်းမှာက ၄ နှစ်အောက် ကလေး ၂ ယောက်ကျန်ခဲ့တယ်လို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။

တောင်ငူမြို့ပေါ်တွင် အုပ်ချုပ်ရေးမှူးများက စစ်တပ် အလိုကျ စစ်မှုထမ်း ဥပဒေဖြင့် လူစုဆောင်းခြင်းများ ပြုလုပ်နေပြီး အဆိုပါ ၁၆ ရပ်ကွက်တွင် ကိုအေးချမ်း အပါအဝင် အကြမ်းဖက် စစ်တပ်၏ စစ်မှုထမ်း အပါတ်စဉ် ၁ သင်တန်းတက်ရောက်ရန် ၄ ဦး စာရင်းပေးခံရကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article