25 C
Yangon

အမှတ် ၃၃ ခြေမြန်တပ်မ ဌာနချုပ်မှ ထွက်ခွာလာသော စစ်ကား ၅ စီးကို မုံရွာ-ချောင်းဦး လမ်းပိုင်း တစ်လျောက် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြား

Must read

ရန်ကုန်၊ ဧပြီ ၁၁

စစ်ကိုင်းတိုင်း၊ အမှတ် ၃၃ ခြေမြန်တပ်မ ဌာနချုပ်မှ ထွက်ခွာလာသော စစ်ကား ၅ စီးကို မုံရွာ-ချောင်းဦး လမ်းပိုင်း တစ်လျောက် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြား ဒေသတော်လှန်ရေး တပ်ဖွဲ့များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၁၀ ရက်နေ့တွင် မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် စစ်ကိုင်းမြို့ တပ်မ ၃၃ မှ မုံရွာမြို့ နမခ သို့ ထွတ်ခွာလာသော စစ်ကား ၅ စီးကို BRAVEHEART ARMY -BHA အဖွဲ့နှင့် မဟာမိတ် တပ်ဖွဲ့များက ပဒေသာမိုင်း ၅ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ကား ၁ စီးပျက်စီးခဲ့ပြီး စွမ်းရည်ထက် စစ်တပ် အထိုင်စခန်း၌ ပြင်နေဆဲဖြစ်ကြောင်း သိရသည်။

“ဧပြီလ ၁၀ ရက်နေ့က တပ်မ ၃၃ ကနေ ထွက်လာတဲ့ စစ်ခွေးကား ၅ စီးကို မုံရွာ-ချောင်းဦး လမ်းပိုင်းမှာ ပဒေသာမိုင်း ၅ လုံးနဲ့ တိုက်ခိုက်ခဲ့တာ စွမ်းရည်ထက် စစ်ခွေး အထိုင်စခန်းတွင် အထိုင်ချပြီး ကားပြင်နေတယ်လို့သိရတယ်။ ထိခိုက် သေဆုံးမှုကတော့ သေဆုံးသူများတယ်” BRAVEHEART ARMY -BHA တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုတွင် ကျွန်တော် တို့ BRAVEHEART ARMY -BHA မှဦးဆောင်ပြီး CHINDWIN FIGHTER GROUP.CFGနှင့်လက်တွဲညီညီတိုက်ခိုက်ခဲ့ပြီး ကျွန်တော်တို့ရဲ ဘော်များ အထိခိုက်မရှိဆုတ် ခွာနိုင်ခဲ့ ကြောင်းသိရသည်။

အလားတူ ဧပြီလ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် စစ်ကိုင်းမြို့ တပ်မ ၃၃ မှ ထွက်လာသော စစ်ကား ၅ စီးက မုံရွာ-ချောင်းဦးလမ်းပိုင်း တစ်နေရာမှာ တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Peace Takers Task Force – PTTF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

“လာတာက ၆ ဘီးကားတွေ ၁၂ ဘီးကားတွေနဲ့ လာတာဗျ ကျွန်တော်တို့က ရှေ့ထွက်ပြောင်းတွေနဲ့ ဆွဲတာဆိုတော့ အထိအခိုက်တော့ ရှိနိုင်တယ်။ ကားပေါ်က စစ်ခွေးတွေကလည်း သေနတ်တွေနဲ့ ပြန်ပစ်တာတွေရှိတယ်။ ရှေ့ထွက်ပြောင်း ၅ ပြောင်းတစ်ပွိုင့်နဲ့ ဆွဲခဲ့တာ” ဟု Peace Takers Task Force – PTTF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Peace Takers Task Force – PTTF နှင့် The Brightness Monywa တို့က ပူးပေါင်း လုပ်ခဲ့ဆောင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဧပြီလ ၁၀ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၄၀ ခန့်က စစ်ကိုင်းတပ်မ ၃၃ မှ စစ်သားတင်ဆောင်ပ ပြီး မုံရွာမြို့ဘက်သို့ ထွက်ခွာလာသော ကုန်တင်ကားတစ်စီးကို မုံရွာ – ချောင်းဦးလမ်းပိုင်းတနေရာ၌ Area 71 PDF တပ်ဖွဲ့ဝင်များက ပဒေသာမိုင်း ၄ လုံတွဲဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကုန်တင်ကားမှာ မိုင်းစထိမှန်ပြီး မိုင်းပွိုင့်နှင့်မလှမ်းမ ကမ်းအကွာအဝေးအရောက် ထိုးရပ်သွားကြောင်း သိရသည်။

ထိုသို့ ထိုးရပ်သွားပြီးနောက် ကား၏‌ နောက်ဘီးများ ပွင့်ထွက်လျက် ဆက်လက်မောင်းနှင်သွားပြီး လမ်းပိုင်းတနေရာအရောက် ရှေ့ဆက်မောင်းနှင်မရတော့သဖြင့် အခြားကားတစ်စီးဖြင့် လာရောက် ဆွဲယူကာ မုံရွာမြို့ထဲသို့ ဝင်ရောက်သွားကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article