25 C
Yangon

တနင်္သာရီမြို့နယ်ရှိ ၅၅၈ တပ်ရင်းကို ၂ ရက်ဆက် ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး၊ ရေဦးမြို့ရဲစခန်းတွင် ကျင်းပနေသော မင်္ဂလာဆောင်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ရဲ ၄ ဦးသေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၁၁

တနင်္သာရီတိုင်း၊ ကမ္မလိုင်းရွာ အခြေစိုက် အကြမ်းဖက် စစ်တပ်၏ ၅၅၈ တပ်ရင်းကို ၂ ရက်ဆက် ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း တောင်ပံနီ ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

ဧပြီလ ၈ ရက်နေ့နှင့် ၉ ရက်နေ့တွင် တနင်္သာရီမြို့နယ်၊ ကမ္မလိုင်းရွာ အခြေစိုက် အကြမ်းဖက် စစ်တပ်၏ အမှတ် ၅၅၈ တပ်ရင်းရှိ စာသင်ကျောင်း ဗဟိုကင်းနှင့် ခန်းမ တို့ကို တောင်ပံနီ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (တနင်္သာရီ-ပကဖ) က ပြောက်ကျားစနစ်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦး သေဆုံးပြီး ၆ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုသည် မိနစ် ၃၀ ခန့် အပြန်အလှန် ဖြစ်ပွားခဲ့ပြီး တောင်ပံနီပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ရေဦးမြို့မရဲစခန်းတွင် ကျင်းပနေသော ရဲတပ်သား ၁ ဦး၏ မင်္ဂလာဆောင်ကို ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်း ရေဦး PDF က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ရဲ ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဧပြီလ ၉ ရက်နေ့ နံနက် ၈ နာရီ ၅၅ မိနစ်ခန့်တွင် ရေဦးမြို့ ရဲစခန်းထဲ၌ ရဲတပ်သား ချစ်မင်းကို နှင့် Non CDM စံပယ်ဦး တို့ ၏ မင်္ဂလာ ဆောင်ကျင်းပနေစဉ် ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်း၊ ရေဦးPDF က Fixed Wing Drone ၂ စီးဖြင့် ဗုံးသီး ၃ လုံးချ တိုက်ခိုက်ခဲ့ရာ ရဲ ၄ ဦးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article