33 C
Yangon

မြဝတီမြို့ကို သိမ်းပိုက်ပြီးနောက် KNLA ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့များ မြို့အတွင်း ကင်းလှည့်နေ

Must read

ရန်ကုန်| ဧပြီ ၁၁

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ မှ ဦးဆောင်ပြီး တော်လှန်ရေးတပ်ဖွဲ့အများက မြဝတီမြို့အား သိမ်းပိုက်ပြီးနောက် မြို့အတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ ကင်းလှည့်နေသည့်ကို မြင်ရကြောင်း ထိုင်းမီဒီယာများက ဖော်ပြသည်။

မြဝတီစစ်ကောင်စီ ၂၇၅ တပ်ရင်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ ကရင်အမျိုးသားအစည်းအရုံး KNUနှင့် ပြည်သူ့ကာကွယ်ရေးတပ် People’s Defence Force-PDF တို့ သိမ်းပိုက်ပြီးနောက် ယနေ့ ဧပြီ ၁၁ရက်နေ့ နေ့လယ်ပိုင်းတွင် ကင်းလှည့်နေသည်ကို တွေ့ရသည်။

မြို့ထဲတွင် KNA/BGF နှင့် PDF တပ်ဖွဲ့များသည် မြဝတီမြို့တစ်ဝိုက်တွင် ကင်းလှည့်မောင်းနှင်လျက်ရှိပြီး လက်တံဆိပ်အမျိုးမျိုးဝတ်ဆင်ထားသည့် အမျိုးသားနှင့် အမျိုးသမီး စစ်သားနှစ်မျိုး စလုံးကို တွေ့ရကြောင်း The Reporter သတင်းဌာနတွင် ဖော်ပြထားသည်။

The Reporter သတင်းဌာန၏ ဖော်ပြထားချက်အရ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ်(၂) ဂိတ်ပိတ်ဖို့ အမိန့်ထုတ်ပြီး မြို့အတွင်း ရှိနေသည့် ပြည်သူတစ်ချို့သည် မဲဆောက်မြို့ဖက်သို့ ဖြည်းဖြည်းချင်း ထွက်လာကြကြောင်း သိရသည်။

ဓါတ်ပုံ- The Reporter

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article