ဒီကနေ့ ဧပြီ ၁၃ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဖြုတ်ချဖို့ ကြံစည်မှုနောက်ဆက်တွဲအဖြစ် မင်းအောင်လှိုင်ရဲ့ အကြံပေး ဒုဗိုလ်ချုပ်ကြီးညိုစော၊ ကြံ့ဖွတ်ပါတီရဲ့ CEC နဲ့ နိုင်ငံခြားရေးရာကော်မတီ တာဝန်ခံ ဒုဗိုလ်ချုပ်ကြီးဟောင်း အောင်စိုးတို့ကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။
- ကရင်ပြည်နယ်၊ မြဝတီမြို့ကို စစ်ကူလာနေတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းတွေကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်နေပြီး မြဝတီဒေသလုံခြုံရေးအတွက် ဆက်လက် လုပ်ဆောင်နေတဲ့အတွက် ပြည်သူတွေ လုံခြုံရေး သတိနဲ့ နေထိုင်ကြဖို့ KNU က ထုတ်ပြန်ထားပါတယ်။
- မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်၊ ကြီးအင်းကျေးရွာမှာ စစ်မှုထမ်းဥပဒေနဲ့ လူစုဆောင်းနေတဲ့ အုပ်ချုပ်ရေးမှူး ခင်အောင်နဲ့ ဇနီးဖြစ်သူတို့ကို ပစ်ခတ်တိုက်ခိုက်ရာ ၂ ဦးလုံးသေဆုံးခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
