25 C
Yangon

စစ်ခေါင်းဆောင် မင်းအောင်လှိုင် သင်္ကြန်ကာလ ပြင်ဦးလွင်မှာ သွားအနားယူသော်လည်း သူ့ဘက်တော်သား စစ်ဗိုလ်ချုပ်များအားလုံးကို တစ်ပြုံတစ်မ ခေါ်သွား

Must read

စစ်ခေါင်းဆောင် မင်းအောင်လှိုင် သင်္ကြန်ကာလ ပြင်ဦးလွင်မှာ သွားအနားယူသော်လည်း သူ့ဘက်တော်သား စစ်ဗိုလ်ချုပ်များအားလုံးကို တစ်ပြုံတစ်မ ခေါ်သွား

ပြင်ဦးလွင် တပ်မတော်အုပ်ချုပ်မှုသင်တန်းကျောင်းတွင် စစ်ဗိုလ်ချုပ်များအားလုံးနှင့်အတူ နေထိုင်

ရန်ကုန်၊ ဧပြီ ၁၃

အကြမ်းဖက်စစ်ခေါင်းဆောင်းဆောင် မင်းအောင်လှိုင်ဟာ နေပြည်တော်မှာ မရှိတော့ဘဲ သင်္ကြန်ကာလ ပြင်ဦးလွင်မှာ သွားရောက် အနားယူနေပါတယ်။

ဧပြီလ ၁၂ ရက်နေ့ ညနေပိုင်းမှာ နေပြည်တော်ကနေ ပြင်ဦးလွင်ကို ထွက်ခွာခဲ့တာဖြစ်ပြီး ထူးခြားတာကတော့ သူတစ်ဦးတည်သွားနားတာမျိုးမဟုတ်ဘဲ သူရဲ့ လူတွေဖြစ်တဲ့ကြည်း၊ ရေ၊ လေ စစ်ဗိုလ်ချုပ်တွေ၊ စစ်ကောင်စီအဖွဲ့ ဝင်တချို့ ၊ တိုင်းမှူး၊ ကစထမှူးတွေကိုပါ တစ်ပါတည်း တစ်ပြုံတစ်မကြီး ခေါ်ချသွားတာဖြစ်ပါတယ်။

ယခင်နှစ် သင်္ကြန်ကာလတွေဆိုရင် မင်းအောင်လှိုင်က မိသားစုနဲ့အချိန်ဖြုန်းလေ့ရှိပြီး ဒီမှာတော့ ထူးထူးခြားခြား စစ်ဗိုလ်ချုပ်တွေကိုပါ သူ့အနားမှာ ခေါ်ထားတာဖြစ်ပါတယ်။

ပြင်ဦးလွင်ရောက်ရှိနေတဲ့ မင်းအောင်လှိုင်ဟာ သူစီစဉ်ထားတဲ့ နိုင်ငံတော်ဧည့်ဂေဟာ၊ တပ်မတော် VIP ဧည့်ဂေဟာနဲ့ သူ့ရဲ့ အိမ်လိုနေရာမျိုးတွေမှာ မနေဘဲ ပြင်ဦးလွင် တပ်မတော်အုပ်ချုပ်မှု သင်တန်းကျောင်းအတွင်းမှာ အခြားစစ်ဗိုလ်ချုပ်တွေနဲ့အတူ အဖွဲ့လိုက် နေထိုင်နေတယ်လို့ သိရပါတယ်။

“တပ်ချုပ်က ပြင်ဦးလွင် တပ်မတော်အုပ်ချုပ်မှု သင်တန်းကျောင်းမှာရှိတဲ့ ဧည့်ရိပ်သာလုံးချင်းလေးမှာနေတယ်။ ကျန်တဲ့ စစ်ဗိုလ်ချုပ်ကြီးတွေက အဆောင်ကြီးတွေမှာ အခန်းတွေ ပြန်ခွဲချထားပေးတယ်။ ကြည်း၊ ရေ၊ လေ ကစထမှူးတွေ၊ အခြားအရာရှိချုပ်၊ ညွှန်ကြားမှူးတွေကို အဆောင်ကြီးတွေမှာ အခန်းတွေ ပြန်ခွဲချထားပေးတယ်” ဟု လို့ စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုပါတယ်။

နေပြည်တော်မှာ သဘောထားတင်းမာတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတချို့က အကြမ်းဖက်မင်းအောင်လှိုင်ကို ဖြုတ်ချပြီး အာဏာလုယူဖို့ ကြံစည်တာကြောင့် ဖမ်းဆီးမှုတွေ ရှိနေချိန်မှာ မင်းအောင်လှိုင်က ပြင်ဦးလွင်ကို စစ်ဗိုလ်ချုပ်တွေ ခေါ်ပြီး အဖွဲ့လိုက် သွားရောက် အနားယူနေတာလည်းဖြစ်ပါတယ်။

ဒါ့အပြင် သူစီးနင်းနေတဲ့ စစ်တပ် ရဟတ်ယာဉ်နဲ့ လေယာဉ်တွေကိုလည်း သင်္ကြန်ကာလအတွက် လေတပ်ကို အဆင်သင့် ပြင်ခိုင်းထားတယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ-ပြင်ဦးလွင် တပ်မတော်အုပ်ချုပ်မှုသင်တန်းကျောင်းတွင် မင်းအောင် လှိုင်၊ မိသားစုနှင့်အတူနေထိုင်သော လုံးချင်းဧည့်ရိပ်သာနှင့် စစ်ဗိုလ်ချုပ်များနေထိုင်သော အဆောင်ကြီးများ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #စစ်ခေါင်းဆောင် မင်းအောင်လှိုင် #ပြင်ဦးလွင် #စစ်ဗိုလ်ချုပ်များအားလုံး #တစ်ပြုံတစ်မ ခေါ်သွား

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article