29.6 C
Yangon

ဟားခါးမြို့ပေါ်တွင် ချင်းပြည်နယ်စစ်ကောင်စီ ဝန်ကြီး ၃ ဦး လိုက်ပါသော ယာဉ်တန်း ပစ်ခတ်တိုက်ခိုက်ခံရပြီး ဝန်ကြီးများ အပါအဝင် ၆ ဦးဒဏ်ရာရ

Must read

ဟားခါးမြို့ပေါ်တွင် ချင်းပြည်နယ်စစ်ကောင်စီ ဝန်ကြီး ၃ ဦး လိုက်ပါသော ယာဉ်တန်း ပစ်ခတ်တိုက်ခိုက်ခံရပြီး ဝန်ကြီးများ အပါအဝင် ၆ ဦးဒဏ်ရာရ

ရန်ကုန်၊ ဧပြီ ၁၄

ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်တွင် ချင်းပြည်နယ်စစ်ကောင်စီမှ ပြည်နယ်ဝန်ကြီးများ လိုက်ပါလာသည့် ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ ဝန်ကြီးများ အပါ အဝင် ၆ ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ ကြောင်း CDF – Hakha မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ဧပြီလ ၁၂ ရက်နေ့ နံနက် ၉ နာရီခွဲခန့်အချိန် ဟားခါးမြို့တွင်းရှိ ဝန်ကြီးအိမ်ရာမှ ရုံးတက်ရန် ထွက်ခွာလာ သည့် ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသိန်းထွန်းအောင်၊ စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်း နှင့် လူမှု ရေးရာဝန်ကြီး ဦးကျော်စိုးဝင်း တို့ ၃ ဦး လိုက်ပါသော ယာဉ် ၅ စီးကို ဟား ခါးမြို့၊ မြို့သစ်ရပ်ကွက် လမ်းဆုံအရောက် လက်နက်ကြီး၊ လက်နက်ငယ်ဖြင့်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်မှုအတွင်း စီးပွားရေးဝန်ကြီး၊ လူမှုရေးဝန်ကြီးနှင့် ၎င်း ၏ ဇနီး၊ နယ်လုံဝန်ကြီး၏ ကိုယ်ရေးအရာရှိတို့အပါအဝင် ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“သူတို့ ယာဉ်တန်းနဲ့ တပ်ကို ပစ်ဖို့စီစဉ်ထားတာရှိတယ်၊ အခြေအနေကောင်းရင်ပစ်ဖို့ ကြိုတင်စီစဉ် ထားတာရှိတယ်၊ အဲဒါနဲ့ သူတို့ လုံခြုံရေးကို အရင်ပစ်တယ်၊ ပစ်ပြီးတော့မှ ယာဉ်တန်းကမရပ်လို့ သူ တို့ပဲဆိုပြီး ပြန်ပစ်လိုက်တာ၊ ဝန်ကြီးအိမ်ယာကနေ ရုံးတက်ဖို့လာတဲ့ လမ်းကြားမှာပေါ့၊ စီးပွားရေး ဝန်ကြီး ထိခိုက်ဒဏ်ရာရတယ်၊ ပြီးတော့ လူမှုရေးဝန်ကြီးလည်း ကျည်နဲ့ထိတယ်၊သူ့အမျိုးသမီးလည်း ကျည်ထိတယ်။ ပြီးရင် ကားသမားရောပေါ့၊ နယ်လုံဝန်ကြီးကတော့ ဘော်ဒီဂတ်ပေါ့၊ ပြီးရင် ရဲတစ် ယောက်နဲ့ စုစုပေါင်း ၆ ယောက်ဒဏ်ရာရတယ်၊ ကားကတော့ ၅ စီးလုံးကျည်ထိတာပေါ့ နယ်လုံ ဝန် ကြီးက ကားပေါ်မှာတော့ပါတယ်၊ ဒါပေမယ့် သူက မထိဘူး၊” ဟု CDF – Hakha မှ တာဝန်ရှိသူ တစ် ဦး က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် ပြည်နယ် နယ်လုံဝန်ကြီးသည် ရုံးရောက်ရှိသည့်ချိန်မှ မကျေနပ်ချက် ဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်မှုရှိခဲ့ပြီး CDF Hakha တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန် လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ဟားခါးမြို့ပေါ်တွင်နေထိုင်သော ပြည်နယ်ဝန်ကြီးများသည် ကြောက်ရွံ့ ထိန်လန့်နေပြီး မြို့တွင်း၌ လုံခြုံရေးအင်အား တိုးမြှင့်ချထားကြောင်း၊ လူမှုရေးဝန်ကြီးနှင့် ၎င်း၏ အမျိုသမီးတို့ တက်ရောက်ကုသနေသည့် ဟားခါးမြို့နယ်ပြည်သူ့ဆေးရုံပတ်ပတ်လည်ကိုလည်း လုံ ခြုံရေး အပြည့်ချထားကြောင်း CDF Hakha ထံမှ သိရသည်။

ဓာတ်ပုံ – ချင်းပြည်နယ်စစ်ကောင်စီအဖွဲ့၏ အစည်းအဝေး တစ်ခု။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ချင်းပြည်နယ်စစ်ကောင်စီဝန်ကြီး #ယာဉ်တန်းပစ်ခတ်တိုက်ခိုက်ခံရ

ချင်းပြည်နယ်စစ်ကောင်စီအဖွဲ့၏ အစည်းအဝေး တစ်ခု
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article