26 C
Yangon

ဆားလင်းကြီးမြို့ ရဲစခန်းနှင့် အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက် ခိုက်မှု စစ်သား ၃ ဦး ဒဏ်ရာရ

Must read

ဆားလင်းကြီးမြို့ ရဲစခန်းနှင့် အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက် ခိုက်မှု စစ်သား ၃ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဧပြီ ၁၄

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်ရှိ အကြမ်းဖက်စစ်သားများ အထိုင်ချတပ်စွဲထားရာ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း Royal Tiger Force ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဧပြီလ ၁၃ ရက်နေ့ နံနက် ၉ နာရီခန့်အချိန် ဆားလင်းကြီးမြို့ပေါ်ရှိအကြမ်းဖက်စစ်သား အင်အား ၂၀၀ ကျော်ဖြင့် အထိုင်ချတပ်စွဲထားသော ရဲစခန်းနှ့င် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတို့ကို သင်္ကြန်အကြို အနေ စစ်ဆင်ရေးအဖြစ် လက်နက်ကြီးများ၊ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သား ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“၃ ကောင်ထိတယ်လို့တော့ သတင်းရထားတယ်၊ သေတော့မသေသေးဘူး၊ ခွေးတွေ ထွက်အလာကို လက် နက်ကြီး အဖူးကျတာနဲ့ ကွက်တိဖြစ်သွားတာ၊ အဲဒီမှာ ၃ ကောင်ဒဏ်ရာရတာ။ လက်နက်ကြီး အလုံးရေ ၅၀ လောက်တော့ ထုခဲ့တယ်။ ခွေးတွေဘက်က လက်နက်ကြီးတွေနဲ့ ကောင်တာပြန်ပစ် တာ ကပ်လျက်တွေကျနေလို့ ပြန်ဆုတ်ခဲ့ရတာပါ၊ ကျနော်တို့ရဲဘော်တွေအားလုံးဘေးကင်းပါတယ်” ဟု Royal Tiger Force ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Royal Tiger Force ပြောက်ကျားတပ်ဖွဲ့ နှင့် ယင်းမာပင်ခရိုင်လက်နက်ကြီး တပ်ပေါင်းစုတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားများဘက်မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ဆက်တိုက် ရမ်းသမ်း ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေး ရဲဘော် များ အားလုံး အထိခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – လက်နက်ကြီးပစ်ခတ်နေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။(ပုံ အဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #အထွေထွေအုပ်ချုပ်ရေးမှူးရုံး #ဆားလင်းကြီးမြို့ ရဲစခန်း

လက်နက်ကြီးပစ်ခတ်နေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။(ပုံ အဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article