28 C
Yangon

အီရန်က ဒရုန်း၊ ဒုံးကျည် ရာပေါင်းများစွာဖြင့် အစ္စရေးကို စတင်တိုက်ခိုက်၊ လေ ကြောင်းကာကွယ်ရေး စနစ်ဖြင့် ဒရုန်းနှင့်ဒုံးများကို အစ္စရေးက ပြန်ပစ်ချ

Must read

အီရန်က ဒရုန်း၊ ဒုံးကျည် ရာပေါင်းများစွာဖြင့် အစ္စရေးကို စတင်တိုက်ခိုက်၊ လေ ကြောင်းကာကွယ်ရေး စနစ်ဖြင့် ဒရုန်းနှင့်ဒုံးများကို အစ္စရေးက ပြန်ပစ်ချ

ရန်ကုန်၊ ဧပြီ ၁၄

အီရန်က ဒရုန်း၊ ဒုံးကျည် ရာပေါင်းများစွာဖြင့် အစ္စရေးကို စတင်ပစ်ခတ်တိုက်ခိုက်လိုက်ပြီး အစ္စရေး၏ လေကြောင်းရန် ကာကွယ်ရေး စနစ်ကလည်း ဒရုန်းနှင့်ဒုံးများကို အစ္စရေးက ပြန်လည်ပစ်ချနိုင်ခဲ့ကြောင်း သိရှိရသည်။

ဧပြီလ ၁၃ ရက်နေ့ ညဉ့်နက်ပိုင်းတွင် အီရန်က ဒရုန်းနှင့် ဒုံးကျည်ရာပေါင်းများစွာ အစ္စရေး နိုင်ငံသို့ ဦးတည် တိုက်ခိုက်ခဲ့ကြောင်း၊ ဒရုန်းနှင့် ဒုံးကျည် ၁၀၀ ကျော်ကို အစ္စရေး၏ လေကြောင်းရန် ကာကွယ်ရေးစနစ်နှင့် အမေရိကန်တို့က ကြားဖြတ် ဟန့်တားဖျက်ဆီးခဲ့ပြီး လတ်တလောအချိန်အထိ အစ္စရေးတွင် ကြီးကြီးမားမား ထိခိုက် ပျက်စီးမှု သတင်းများ ထွက်ပေါ်လာခြင်းမရှိသေးကြောင်း၊ အစ္စရေးအစိုးရက နိုင်ငံ၏ လေပိုင်နက်ကို ပိတ်သိမ်းလိုက်ပြီး ခုခံစစ်နှင့် ထိုးစစ်အတွက် ပြင်ဆင်ရန် အဆင်သင့်ရှိနေပြီဖြစ်ကြောင်း ထုတ်ဖာ်ပြောဆိုလိုက်သည်။

အစ္စရေး၏ မဟာမိတ် အမေရိကန်က အီရန်၏ တိုက်ခိုက်မှုကို ရှုတ်ချလိုက်ပြီး အမေရိကန်သမ္မတ ဘိုင်ဒင်က အိမ်ဖြူတော်တွင် အမျိုးသားလုံခြုံရေးကောင်စီ အထူးအစည်းအဝေး ဆင့်ခေါ်ခဲ့ကြောင်း၊ အစ္စရေး ဝန်ကြီးချုပ်နှင့်လည်း သမ္မတ ဘိုင်ဒင်က တိုက်ရိုက် ဖုန်းပြောဆိုခဲ့ပြီး အစ္စရေဘက်မှ ခုခံကာကွယ်သွားမည်ဟု ထုတ်ဖော်ပြောဆိုသည်။

အီရန်ကမူ လွန်ခဲ့သော သီတင်းပတ်အတွင်း ဆီးရီးယားနိုင်ငံတွင် အီရန်ဗိုလ်ချုပ် တချို့ သေဆုံးခဲ့သော အစ္စ ရေး၏ တိုက်ခိုက်မှု အတွက် လက်တုံ့ပြန်ခြင်းဖြစ်ကြောင်း တရားဝင် ထုတ်ဖော်ပြောဆိုသည်။

အရှေ့အလယ်ပိုင်းဒေသတွင် အီရန်နှင့် အစ္စရေးတို့အကြား တင်းမာလာသော တိုက်ခိုက်မှုများကြောင့် ဒေသတွင်း နိုင်ငံများကလည်း လေကြောင်းပိုင်နက်အတွင်း လေယာဉ်ပျံသန်းခွင့်များကို ယာယီပိတ်ပင်လိုက်ကြပြီး နှစ်ဖက် ထိန်းထိန်းသိမ်းသိမ်းဖြင့် အခြေအနေကို ကိုင်တွယ်ကြရန် တိုက်တွန်းသည်။

ပြင်သစ်နှင့် ဗြိတိန်တို့က အီရန်၏ တိုက်ခိုက်မှုကို ရှုတ်ချလိုက်ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကမူ အီရန်၏ တိုက်ခိုက်မှုကို ရှုတ်ချကြောင်း ထုတ်ဖော်ပြောဆိုသည်။

အီရန်တိုက်ခိုက်မှုများကြောင့် အမေရိကန်အပါအဝင် နိုင်ငံတကာ စတော့ရှယ်ယာစျေးနှုန်းများ ထိုးကျသွားပြီး စီးပွားရေး မတည်မငြိမ်မှုများလည်းဖြစ်ပေါ်နေကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #အီရန် #အစ္စရေးကို စတင်တိုက်ခိုက် #လေ ကြောင်းကာကွယ်ရေး စနစ်

An anti-missile system operates over Israel early Sunday, local time. Amir Cohen/Reuters
In this handout photo Prime Minister Benjamin Netanyahu is currently talking with US President Joe Biden. This handout photo, released early Sunday local time, shows Israeli Prime Minister Benjamin Netanyahu talking on the phone with US President Joe Biden. Portions of this photo have been blurred by the source. Israeli Prime Minister’s Office
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article