38 C
Yangon

ပေါင်းတည်တွင် စစ်တပ်စစ်ကြောင်းများကို PDF များက တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး

Must read

ပေါင်းတည်တွင် စစ်တပ်စစ်ကြောင်းများကို PDF များက တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၁၅

ပဲခူးတိုင်း၊ ပေါင်းတည်မြို့တွင် စစ်တပ်စစ်ကြောင်းများကို PDF များက တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးကြောင်း ၃၆၀၁ PPDFတပ်ရင်း ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၁၄ ရက်နေ့ နံနက် ၆ နာရီခွဲခန့် အချိန် ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ သစ်ပုတ်အုပ်စု၊သစ်ပုတ်ရွာအနီးတွင် ရုပ်ဆိုင်ရွာမှ ပြည်သူများကို မတရားဖမ်းဆီးခေါ်ဆောင်လာသော စစ်တပ်စစ်ကြောင်းကို ပဒေသာမိုင်း ၄ လုံးဖြင့် ဖောက်ခွဲတိုက်ခိက်ရာ စစ်သား ၂ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။

စစ်တပ်က သေဆုံးသွားသော စစ်သား အလောင်းများနှင့် အပြင်းအထန်ထိခိုက်ဒဏ်ရာရရှိသူများကို သစ်ပုတ်တာဝါတိုင်အထိုင်စခန်းသို့ သယ်ဆောင်သွားပြီး ထိုမှတဆင့် ပေါင်းတည်မြို့ဘက်သို့ ည ၉ နာရီခန့်အချိန် ကားဖြင့်ထပ်မံသယ်ဆောင်သွားကြောင်း သိရှိရသည်။

အလားတူ ဧပြီလ ၁၄ ရက်နေ့ နံနက် ၈ နာရီခွဲအချိန် ပေါင်းတည်မြို့နယ်၊ ကြို့ကုန်းအုပ်စု၊ ထန်းကုန်းရွာအနီး အင်အား ၄၈ ဦးပါ စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာသေဆုံးထိခိုက်မှုများရှိကြောင်း၊ မိုင်းဆွဲမှုကြောင့် ကစဉ့်ကလျား ဖြစ်သွားသော စစ်တပ်စစ်ကြောင်း PDF တပ်များက လက်နက်ငယ်များဖြင့်ပစ်ခတ်တိုက်ခိုက်ရာအနည်းဆုံး စစ်သား ၃ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိကြောင်း၊ သေဆုံးသူ စစ်သား အရေအတွက်နှင့် ထိခိုက်ဒဏ်ရာရရှိသည့် အရေအတွကကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း ၊ စစ်တပ်၏ ပစ်ခတ်မှုကြောင့် PDF ရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ပေါင်းတည် #စစ်တပ်စစ်ကြောင်း

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article