30 C
Yangon

မြ၀တီမြို့သို့ စစ်ကူလာသည့် စစ်တပ်စစ်ကြောင်းကိုကြားဖြတ် ဟန့်တားတိုက် ခိုက်နိုင်ခဲ့ပြီး စစ်တပ်ဘက်မှ သေဆုံးနှင့်ထိခိုက် ၁၀၀ နီးပါးရှိ ဟု KNU ပဒိုအလုပ်အမှုဆောင် ပဒိုစောတောနီးပြောဆို

Must read

မြ၀တီမြို့သို့ စစ်ကူလာသည့် စစ်တပ်စစ်ကြောင်းကိုကြားဖြတ် ဟန့်တားတိုက် ခိုက်နိုင်ခဲ့ပြီး စစ်တပ်ဘက်မှ သေဆုံးနှင့်ထိခိုက် ၁၀၀ နီးပါးရှိ ဟု KNU ပဒိုအလုပ်အမှုဆောင် ပဒိုစောတောနီးပြောဆို

■ ကရင်တော်လှန်ရေး လက်နက်ကိုင်တပ်များအတွင်း စစ်အာဏာရှင်ကို တော်လှန်ရန် ပေါင်းစည်းရေး အတွက် ညှိနှိုင်းနေဟုဆို

ရန်ကုန်၊ ဧပြီ ၁၅

KNLA ဦးဆောင်သော တော်လှန်ရေးမဟာမိတ်တပ်များက သိမ်းပိုက်ထားသည့် မြ၀တီမြို့သို့ စစ်ကူလာသည့် စစ်တပ်စစ်ကြောင်းကို ဧပြီလ ၁၂ ရက်နေ့တွင် ကြားဖြတ် ဟန့်တားတိုက်ခိုက်နိုင်ခဲ့ပြီး စစ်တပ်ဘက်မှ သေဆုံးနှင့်ထိခိုက် ၁၀၀ နီးပါးရှိ ဟု KNU ပဒိုအလုပ်အမှုဆောင် ပဒိုစောတောနီးက ရိုက်တာသတင်းဌာနထံသို့ ပြောဆိုလိုက်သည်။

“ဒီကိုလာဖို့က မလွယ်ဘူး။ သူတို့ အခက်အခဲတွေ အများကြီး ကြုံရမှာပါ။ ကျနော်တို့ တပ်တွေက စစ်တပ်ကို ကြားဖြတ် “ပိတ်ဆို့တားဆီး” နေပါတယ်” ဟု ၎င်းက ဆိုသည်။ စစ်တပ်၏ သံချပ်ကာကားတစ်စီးနှင့် စစ်ကားတစ်စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။

လတ်တလော စစ်အာဏာရှင်ကို တော်လှန်ရေးအတွက် ကရင်တော်လှန်ရေးနှင့် လက်နက်ကိုင်တပ်ဖွဲ့များအကြားတွင် ညှိနှိုင်းမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း KNU ပဒိုအလုပ်အမှုဆောင် ပဒိုစောတောနီးက ပြောဆိုသွားသည်။

ဓာတ်ပုံ-မြ၀တီမြို့သို့ ဦးတည်လာနေသည့် စစ်ကူစစ်ကြောင်း ဘားအံမြို့သို့ဖြတ်သန်းခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article