30 C
Yangon

စစ်အာဏာသိမ်းသည့် ၃ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီတပ်နှင့် လက်အောက်ခံတပ်များ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ပြည်သူ့နေအိမ် ၈ သောင်းကျော် ပျက်စီးဆုံးရှုံး

Must read

ရန်ကုန်၊ ဧပြီ ၁၅

အကြမ်းဖက်စစ်ကောင်စီနှင့် လက်အောက်ခံတပ်များ၏ မီးရှို့ဖျက်ဆီးမှုကြောင့် အာဏာသိမ်း ၃ နှစ်ကျော်ကာလအတွင်း ပြည်သူ့ နေအိမ်ပေါင်း ၈၃,၇၄၆ လုံးဆုံးရှုံးခဲ့ရကြောင်း Data for Myanmar က သတင်းထုတ် ပြန်သည်။

၂၀၂၁ ခုနှစ် ဇွန်လမှ စ၍ ၂၀၂၄ ခုနှစ် မတ်လ အထိ ပြည်သူ့နေအိမ် ရှစ်သောင်းကျော် မီးရှို့ခံရခြင်းဖြစ်ပြီး အကြမ်းဖက်စစ်တပ်က ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ တစ်လတည်းတွင်ပင် နေအိမ်ပေါင်း ၁၀,၅၆၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ သိရှိရသည်။

စစ်ကောင်စီက ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ရာတွင် ၂၀၂၃ ခုနှစ် ဩဂုတ်တွင် နေအိမ်အရေအတွက် ၁၀၀၀ အောက်အထိ ကျဆင်းသွားခဲ့သော်လည်း ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှ စ၍ တဖြည်းဖြည်း ပြန်လည် မြင့်တက်လာခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ၂၀၂၄ ခုနှစ် မတ်လအတွင်း ပြည်သူ့နေအိမ် ၂၈၁၃ လုံး မီးရှို့ဖျက်ဆီးခံရပြီး ထိုအထဲတွင် စစ်ကိုင်းတိုင်းမှ ၁၈၅၁ လုံး၊ မန္တလေးတိုင်းမှ ၆၂၈ လုံး မီးရှို့ဖျက်ဆီးခံရခြင်းဖြစ်ကြောင်း Data for Myanmar က သတင်းထုတ်ပြန်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article