30 C
Yangon

KNU တပ်မဟာ ၄ နယ်မြေတွင် စခန်းစွန့်လာသော စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု ၆ ဦးသေဆုံးပြီး ခလရ ၁၀၃ မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်ဟိန်းနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ ဦး လက်နက်ချ

Must read

KNU က လက်နက်ချသူများကို နိုင်ငံတကာဥပဒေနှင့်အညီ ထိန်းသိမ်းစောင့်ရှောက်ထား

ရန်ကုန်၊ ဧပြီ ၁၆

တနင်္သာရီတိုင်း၊ KNU တပ်မဟာ ၄ နယ်မြေတွင် စခန်းစွန့်လာသော စစ်တပ်စစ်ကြောင်းကို KNLA တပ်များက ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၆ ဦးသေဆုံးခဲ့ပြီး ခလရ ၁၀၃ မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်ဟိန်းနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ ဦး လက်နက်ချ အညံ့ခံကြောင်း KNU က တရားဝင် သတင်းထုတ်ပြန်သည်။

ဧပြီလ ၁၅ ရက်နေ့၊ တနင်္သာရီတိုင်း၊ KNU တပ်မဟာ ၄ နယ်မြေ မောထာဒေသနှင့် ထီးထာကြားတွင် ခလရ ၁၀၃ တပ်ရင်းမှ တပ်ဖွဲ့ဝင်များသည် ၎င်းတို့တပ်စွဲထားရာ တပ်စခန်းကို စွန့်ခွာပြီး ထီးထာ့ စစ်ဗျူဟာစခန်း သို့ အင်အား ပြန်လည်ပူးပေါင်းရန် ပြန်လာစဉ် KNLA တပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှ ၆ ဦးခန့်သေဆုံးခဲ့ပြီးနောက် ခလရ−၁၀၃ တပ်ရင်းမှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်ဟိန်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ ဦး လက်နက်ချအညံ့ခံခဲ့ကြောင်း၊ ၎င်းတို့ထံမှ လက်နက်ကြီးလက်နက်ငယ် ၆၇ လက်သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

လက်ရှိအချိန်တွင် လက်နက်ချအညံ့ခံလာသော ခလရ ၁၀၃ တပ်ရင်းမှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်ဟိန်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ ဦးကို KNU တာဝန်ရှိသူများက နိုင်ငံတကာ လက်နက်ချခြင်းဆိုင်ရာ ဥပဒေများနှင့်အညီထိန်းသိမ်း စောင့်ရှောက် ထားကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်ဟိန်း #KNU တပ်မဟာ ၄ နယ်မြေ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article