30 C
Yangon

စစ်အာဏာရှင် စနစ် ချေမှုန်းရေးကို အပြောမဟုတ်ဘဲ အလုပ်နှင့် သက်သေပြနိုင်ရန် အလေးအနက်ထား ကြိုးစားနေကြောင်း သမ္မတ ဒူဝါလရှီးလ ပြောဆို

Must read

ရန်ကုန်၊ ဧပြီ ၁၆

အကြမ်းဖက် စစ်အာဏာရှင်စနစ် ချေမှုန်းရေးကို အပြောမဟုတ်ဘဲ အလုပ်နှင့်သက်သေပြနိုင်ရန် အလေးအနက်ထား ကြိုးစားနေကြောင်း NUG အစိုးရ ယာယီ သမ္မတ ဒူဝါရှီးလက ပြောကြားလိုက်သည်။

ယနေ့ ဧပြီလ ၁၆ ရက်နေ့တွင် ကျင်းပသည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ၁၄ / ၂၀၂၄ အစိုးရအဖွဲ့ အစည်းအဝေးတွင် NUG အစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားခဲ့ခြင်းဖြစ်သည်။

“နှစ်ပေါင်း (၇၀) ကျော်ကာလအထိ ပြည်သူလူထုကို နှိပ်စက်ညှင်းပန်းခဲ့တဲ့ အကြမ်းဖက် စစ်ကောင် စီဟာ တဖြည်းဖြည်း ယိုယွင်းချိနဲ့လာတာကိုလည်း ပြည်သူတစ်ရပ်လုံး မျက်ဝါး ထင်ထင် တွေ့မြင်ရ ပြီး ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေး အစိုးရဟာ အကြမ်းဖက်စစ် အာဏာ ရှင်စနစ် ချေမှုန်းနှိမ်နင်းရေးကို၊ အပြောမဟုတ်ဘဲ အလုပ်နဲ့ သက်သေပြဖို့ အလေးအနက် ထား ကြိုးစားနေကြောင်း တင်ပြချင်ပါတယ်။” ဟု နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက ပြော ကြားသည်။

ယနေ့ အချိန်သည် မြန်မာရိုးရာဓလေ့ အစဉ်အလာ နေ့ကောင်းနေ့မြတ် အခါသမယ ဖြစ်သလို နွေဦး တော်လှန်ရေးနှင့်အတူ ပေါက်ဖွားလာသည့် အမျိုးသားညီညွတ်ရေးအစိုးရထံ ပြည်သူ အပ်နှင်းထား သည့် တော်လှန်ရေးတာဝန်များ ထမ်းဆောင်ခြင်း ၃ နှစ်ပြည့် အချိန်အခါတစ်ခုကြောင်း၊ တော်လှန် ရေးခရီးကြမ်းကို ပြည်သူလူထုနှင့် အတူ ဖြတ်သန်းခဲ့သည့် ၃ နှစ်တာ ကာလအတွင်း၌ ထိုက်သင့် သည့် တော်လှန်ရေး အောင်ပွဲများကို ရယူနိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

“အခု ကျွန်တော်တို့ နိုင်ငံရဲ့ အခြေအနေ တစ်ရပ်လုံးကို လွှမ်းခြုံကြည့်ရင် ခုခံတော်လှန်စစ်ရေး အခြေ အနေတွေက အားရကျေနပ်စရာ အကျိုးရလဒ်တွေ တွေ့မြင်ရပါတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း ပြည်သူလူထုက ဥတုဘေး အကျပ်အတည်းနဲ့ ကြုံပြီး စားဝတ်နေရေး အကြပ်အတည်းက အင်မတန် ကြီးမားလာတာကို တွေ့နေရပါတယ်။ ကျွန်တော်တို့ဟာ အကြမ်းဖက် စစ်ကောင်စီရဲ့ လက်အောက် က မလွတ်မြောက်သေးတဲ့ ပြည်သူလူထုတွေရဲ့ ဒုက္ခတွေကို အမြန်ဆုံး ပပျောက်အောင် ကြိုးစားကြ ဖို့ လိုအပ်ပါတယ်။” ဟု နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းထားသည်။

NUCC က ဦးဆောင်ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့ညီလာခံတွင် ပြည်သူလူထု ခံစားနေရသည့် လက်တွေ့အခက်အခဲများကို ကောင်းစွာဖော်ထုတ်နိုင်ခဲ့ပြီး နွေဦးတော်လှန်ရေး၏ လက်တွေ့ပကတိ အခြေအနေများကိုလည်း ပွင့်ပွင့်လင်းလင်းဆွေးနွေးအဖြေရှာခဲ့နိုင်မည်ဟု မျှော်လင့်ပါကြောင်း ၎င်း က ဆက်လက်ပြောကြားသည်။

“ကျွန်တော်တို့ဟာ ပြည်သူ့အရေးအရာကိစ္စတွေကို ဆွေးနွေးအဖြေရှာတဲ့နေရာမှာ အရှိ ပကတိနဲ့ ကင်းကွာလို့ မရဘူးလို့ ပြောချင်ပါတယ်။ လူထုက လက်တွေ့ ခံစားနေရတဲ့ အခက်အခဲ ပြဿနာ တွေကို အရှိ ပကတိအတိုင်း နားလည်မှသာ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာမှုတွေက ထိရောက်မှန် ကန် လိမ့်မယ်လို့ ပြောချင်ပါတယ်။” ဟု နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုသည်။

နွေဦးတော်လှန်ရေးအတွင်းက မွေးဖွားလာသည့် မျက်နှာသစ်နိုင်ငံရေးအင်အားစုများထဲတွင် ရဲရင့် တက်ကြွပြီး စိတ်အားထက်သန်ပြင်းပြသည့် လူငယ်မျိုးဆက်သစ်များ အမြောက်အမြားတွေ့ရှိ ရကြောင်း၊ မျက်နှာသစ်နိုင်ငံရေး အင်အားစုများ၊ သွေးသစ်တော်လှန်ရေး အင်အားစုများအားလုံးကို လက်တွဲခေါ်ယူပြီး တစ်သားတည်းလျှောက်လှမ်းရမည်ဖြစ်ကြောင်း နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းထားသည်။

ရဲရင့်တက်ကြွမှုနှင့် စိတ်အားထက်သန်မှုသည် တော်လှန်ရေးအတွက် အခြေခံမောင်းနှင်အား ဖြစ် သော်လည်း လုံလောက်မှုမရှိပဲ မဟာဗျူဟာ အတွေးအခေါ်များနှင့် ပေါင်းစပ်ပြီး လက်တွေ့ကျခြင်း၊ အမြော်အမြင်ရှိခြင်း တို့ဖြင့် ပေါင်းစပ်ရမည်ဖြစ်ကြောင်း အသိပေးထားသည်။

“ဒါ့အပြင် ပြည်သူလူထုနဲ့ နိုင်ငံရဲ့ အဖြစ်အပျက်တွေကို “အရှိကို အရှိအတိုင်း သိနားလည်ဖို့” အား ထုတ် ကြရမှာ ဖြစ်ပါတယ်။ မြန်မာစကားပုံတစ်ခုမှာ “ခုတ်ရာ တခြား၊ ရှရာ တလွဲ” ဆိုတဲ့ စကားရှိပါ တယ်။ ပြည်သူရဲ့ ဘေးဒုက္ခတွေကို ဖြေရှင်းဆောင်ရွက်ရာမှာ “မယောင်ရာ ဆီလူး” နေလို့ မရပါဘူး။ ထိထိ ရောက်ရောက်ဖြစ်ရမယ်၊ လက်တွေ့ကျကျ ဖြစ်ရမယ်။ ဖြစ်သင့်ဖြစ်ထိုက်တာတွေ ဖြစ်အောင် လည်း ကြိုးစားအားထုတ်ရမယ်လို့ ပြောကြားအပ်ပါတယ်။” ဟု နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ က ပြောကြားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #စစ်အာဏာရှင် စနစ် ချေမှုန်းရေး #သမ္မတ ဒူဝါလရှီးလ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article