30 C
Yangon

ငါန်းဇွန်မြို့နယ်နှင့် စစ်ကိုင်းမြို့တွင် စစ်မှုထမ်း ဥပဒေဖြင့် လူစုဆောင်းနေသော ရာအိမ်မှူး သန်းဝင်းနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး လင်းအောင် တို့ ပစ်ခတ်ခံရပြီး ၂ ဦးလုံးသေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၁၆

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် စစ်မှုထမ်း ဥပဒေဖြင့် လူစုဆောင်းနေသော ဘုရားထူးရွာ ရာအိမ်မှူး သန်းဝင်းကို ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၁၄ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ငါန်းဇွန်မြို့နယ်၊ ဘုရားထူးကျေးရွာ ရာအိမ်မှူး သန်းဝင်းသည် ဘုရားထူးကျေးရွာမှ ငါန်းဇွန်မြို့ကို စစ်မှုထမ်းဥပဒေဖြင့် အမည်စာရင်း ကောက်ယူရန် ဆိုင်ကယ်ဖြင့် သွားရောက်စဉ် ရွှေလင်ပန်းတောရကျောင်းအနီး အရောက်၌ တော်လှန်ရေး ရဲဘော် ၄ ဦးက ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ပစ်ခတ် တိုက်ခိုက်မှုအတွင်း ဘုရားထူးကျေးရွာ ရာအိမ်မှူး သန်းဝင်းသည် လက်မောင်း ဖောက်ထွက် ဒဏ်ရာ ၁ ချက်၊ ဦးခေါင်းဖောက်ထွက် ဒဏ်ရာ တို့ဖြင့် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ ရာအိမ်မှူး သန်းဝင်းသည် ရွာသစ်ကျေးရွာအုပ်စု ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ လည်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ ဧပြီလ ၁၅ ရက်နေ့ မွန်းလွဲပိုင်းတွင် စစ်ကိုင်းမြို့၊ မန်းကျီးစင်ရပ်ကွက် အုပ်ချုပ်ရေးမှူး လင်းအောင်သည် ဘီယာအကြွေးဝယ်ပြီး ပြန်လာစဉ် လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော အုပ်ချုပ်ရေးမှူး လင်းအောင်သည် လောင်းကစားဝိုင်းများတွင် ငွေကြေးကောက်ခံပြီး စစ်တပ် ထောက်ပို့လုပ်ခြင်း၊ ပြည်သူများကို ခြိမ်းခြောက်၍ စစ်ကောင်စီ အတွက် စစ်မှုထမ်းရန် လူရှာပေးခြင်း၊ အဓမ္မလုပ်ငန်းများ လုပ်ကိုင်နေသူဖြစ်သောကြောင့် ၎င်းနေအိမ်၌ပင် နေထိုင်ရဲခြင်းမရှိဘဲ တပ်မ ၃၃ ထဲ သွားရောက်နေထိုင်သူ တစ်ဦးဖြစ်ကြောင်း သိရှိရသည်။

ယင်းနေ့ ညနေပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက အုပ်ချုပ်ရေးမှူး လင်းအောင်၏ ရုပ်အလောင်းကို လာရောက်ကောက်ယူသွားပြီး အနီးအနား ပတ်ဝန်းကျင်ရှိ ပစ္စည်းများကိုလည်း လုယက် ခိုးယူသွားကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ရာအိမ်မှူး သန်းဝင်း #ရပ်ကွက် အုပ်ချုပ်ရေးမှူး လင်းအောင်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article