30 C
Yangon

ညောင်လေးပင်ခရိုင်ရှိ ကျေးရွာနေ ပြည်သူ ၅ ဦးကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ပြီး လက်နက်ကြီးများဖြင့် ကျေးရွာများကို ပစ်ခတ်ခြင်းကြောင့် နေအိမ်များ ပျက်စီး

Must read

ရန်ကုန်၊ ဧပြီ ၁၆

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ရှိ ကျေးရွာနေ ပြည်သူ ၅ ဦးကို အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီး သတ်ဖြတ်ပြီး လက်နက်ကြီးများဖြင့် ကျေးရွာများကို ပစ်ခတ်ခြင်းကြောင့် နေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်း KNU ဗဟိုထံမှ သိရသည်။

ဧပြီလ ၁၅ ရက်နေ့တွင် ဆောထိမြို့နယ်၊ ကောက်ကွေ့ကျေးရွာ၌ အသက် ၃၃ နှစ်အရွယ် ကိုဇော်ဝင်းမြင့်ကို အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့က ကောက်ကွေ့ရွာအနီးတွင် အကြောင်းမဲ့ ပစ်သတ်ခဲ့ကြောင်း၊ ကိုဇော်ဝင်းမြင့်သည် ဦးခေါင်းပွင့်ဒဏ်ရာ၊ ဘယ်ဘက်ရင်အုံတွင် ကျည်ထိမှန် ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့က ပစ်သတ်မှုကြောင့် သေဆုံးသွားသော ကိုဇော်ဝင်းမြင့်သည် PDF တပ်ဖွဲ့ဝင်ဟု ဆိုကာ အကြမ်းဖက် စစ်ကောင်စီကို အားပေးထောက်ခံနေသူများက Telegram channel များတွင် နင်းမိုင်း ၁ လုံး ၊ MA 22 ကျည် ၁၆ တောင့် နှင့် ပျောက်ကျား ဘောင်းဘီ ၁ ထည် ရရှိခဲ့ကြောင်း ဝါဒဖြန့်နေကြောင်း သိရသည်။

အလားတူ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ လယ်ဒိုမြို့နယ်ရှိ ကျေးရွာနေ ပြည်သူ ၄ ဦးကို အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီး သတ်ဖြတ်ခဲ့ပြီး ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း KNU ဗဟိုထံမှ သိရသည်။

ဧပြီလ ၇ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပဒဲကောကျေးရွာ ဇီးကုန်းရပ်ကွက်ရှိ နေအိမ် ၂ လုံး ထိခိုက် ပျက်စီးခဲ့ကြောင်း၊ ဧပြီလ ၁၁ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ ခလရ-၂၆၄ တပ်ရင်းက ၁၅၅ မမ ဟောင်ဝစ်ဇာ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ ဦးသောဟဲ နှင့် ဦးအေးအောင် တို့၏ လယ်ထဲကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ဧပြီလ ၁၄ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ ခလရ-၂၆၄ တပ်ရင်းက လယ်တောကြီး ကျေးရွာထဲ လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

ဧပြီလ ၁၅ ရက်နေ့တွင် ပိန်းဇလုပ်အခြေစိုက် အကြမ်းဖက် စစ်တပ်၏ ခလရ-၂၆၄ တပ်ရင်းက အနားဘောက် ကျေးရွာသား ၄ ဦးဖြစ်သော ကိုဖိုးစော၊ မောင်ဇော်မင်းသိန်း နှင့် အမည်မသိရသေးသော ကျေးရွာနေ ပြည်သူ ၂ ဦး ကို အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ညောင်လေးပင်ခရိုင်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article