30 C
Yangon

ပြင်ဦးလွင်ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ချိန်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ခြေထောက်နာနေ၍ နေပြည်တော် ပြန်လည် ရောက်ရှိနေဟု စစ်ကောင်စီက လိမ်လည် သတင်းထုတ်ပြန်

Must read

ရန်ကုန်၊ ဧပြီ ၁၆

မန္တလေးတိုင်း၊ ပြင်ဦးလွင်ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ချိန်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ခြေထောက်နာနေ၍ နေပြည်တော် ပြန်လည် ရောက်ရှိနေခဲ့ကြောင်း စစ်ကောင်စီက ယနေ့တွင် လိမ်လည် သတင်းထုတ်ပြန်သည်။

ဧပြီလ ၁၄ ရက်နေ့ ည ၉ နာရီ ၁၇ မိနစ်အချိန်မှစတင်၍ ပြင်ဦးလွင်တွင် အကြမ်းဖက် မင်းအောင်လှိုင် ရောက်ရှိနေချိန် ရှော့တိုက်ဒုံး အလုံး ၃၀ ထက်မနည်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ပစ်ခတ်ခံရသည့် ယင်းညတွင်ပင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်မှာ ရဟတ်ယာဉ်ဖြင့် ပြင်ဦးလွင်မှ ထွက်ခွာသွားခဲ့ကြောင်း စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြု ပြောဆိုကြသည်။

သို့ရာတွင် စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းဌာနများက အကြမ်းဖက် မင်းအောင်လှိုင်သည် ခြေထောက်နာနေခြင်းကြောင့် ပြင်ဦးလွင် တပ်နယ်မှာ ကျင်းပတဲ့ သင်္ကြန်အခမ်းအနားကို တက်ရောက်ခဲ့ခြင်း မရှိကြောင်း၊ ဧပြီလ ၁၃ ရက်နေ့ ပြင်ဦးလွင် တပ်နယ်ရှိ တပ်မတော်မိသားစုဝင်များနှင့် တွေ့ဆုံခဲ့ပြီး အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း၊ မင်းအောင်လှိုင်သည် ခြေထောက်နာနေသဖြင့် ပြင်ဦးလွင် တပ်နယ်တွင် ကျင်းပသည့် သင်္ကြန်အခမ်းအနားကို တက်ရောက်ခြင်းမရှိတော့ဘဲ ဧပြီ ၁၃ရက်နေ့တွင်ပင် နေပြည်တော်သို့ ပြန်လည် ရောက်ရှိခဲ့ကြောင်း သတင်းဖော်ပြကြသည်။

“ဧပြီလ ၁၆ ရက်နေ့မှ တပ်ချုပ် ပြင်ဦးလွင်မှာ မရှိဘူး။ ခြေထောက်နာနေတယ်လို့ ထုတ်ပြန်တာက ရှော့တိုက်ဒုံး ပစ်တုန်းက သူ ပြင်ဦးလွင်မှာ မရှိဘူး လို့ ငြင်းဆန်တာပါ။ ကျနော်တို့သိထားတာက ဧပြီလ ၁၄ ရက်နေ့ ညပိုင်းအထိ ရှော့တိုက်ဒုံး မပစ်ခင်အထိ ပြင်ဦးလွင်မှာရှိတယ်။ နောက်ပြီး ဧပြီလ ၁၅ ရက်နေ့မှာ DSA သင်္ကြန်မဏ္ဍပ်နဲ့ ပြင်ဦးလွင် ဌာနဆိုင်ရာ မဏ္ဍပ်တွေကို သွားဖို့ စီစဉ်ထားတာ။ ရှော့တိုက်ဒုံးနဲ့ အပစ်ခံရတော့ အဲဒါတွေအကုန် ဖျက်ပြီး ပြင်ဦးလွင်က ခွာသွားတာပါ” ဟု စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၎င်းသွားလာသည့်နေရာများ မကြာခဏ သတင်းပေါက်ကြားမှုများ ထပ်မံ မဖြစ်ပေါ်စေရေးအတွက် ခရီးစဉ်များနှင့် သွားလာမှုများကို တစ်ပတ်ခန့် ကြိုတင် အသိပေး လုံခြုံရေးယူခိုင်းသော ပုံစံကို ပြောင်းလဲပြီး လုံခြုံရေးအတွက် တာဝန်ရှိသည့် တပ်များမှအပ ကျန်သော ဌာနဆိုင်ရာကို ရက်ရှည်ကြိုတင် အသိပေးမှု မလုပ်ရန် ညွှန်ကြားထားကြောင်း သိရှိရသည်။

ဓာတ်ပုံ- ဧပြီလ ၁၃ ရက်နေ့ ပြင်ဦးလွင် တပ်နယ်တွင် တွေ့ဆုံပွဲ တက်သည် ဆိုသော အကြမ်းဖက် မင်းအောင်လှိုင်နှင့် ကြူကြူလှ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article