26 C
Yangon

နောင်ချိုမြို့နယ်၊ သရက်ကုန်းကျေးရွာတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၂၁ ဦးသေဆုံးပြီး လက်နက်ခဲယမ်း အမြောက်အမြားသိမ်းဆည်းရရှိ

Must read

စစ်တပ်က သာသနာ့နယ်မြေ စေတီပေါ်နှင့်စာသင်ကျောင်းတွင် အခိုင်အမာ တပ်စွဲ ခံစစ်ပြင်ထားမှု စိစစ်တွေ့ရှိရ

ရန်ကုန်၊ ဧပြီ ၁၆

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်နှင့် ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်အစပ် သရက်ကုန်းကျေးရွာတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၂၁ ဦးသေဆုံးပြီး လက်နက်ခဲယမ်း အမြောက်အမြားသိမ်းဆည်းရရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က သတင်းထုတ်ပြန်သည်။

ဧပြီလ ၁၅ ရက်နေ့ ၊နံနက် ၅ နာရီ ၃၀ မိနစ်အချိန် နောင်ချိုမြိုနယ် သရက်ကုန်းကျေးရွာရှိ စစ်ကောင်စီစခန်းကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ယင်းနေ့ ညနေ ၄ နာရီ ၄၅ မိနစ်ဝန်းကျင်ခန့်တွင် စခန်းကို အပြီးသတ် သိမ်းပိုက်ရရှိခဲ့ကြောင်း၊ သရက်ကုန်းတိုက်ပွဲအတွင်း စစ်တပ်ဘက်မှ စစ်ကူလာသော စစ်ကူစစ်ကြောင်း ၂ ကြောင်းကို ထပ်မံပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများစွာဖြင့် စစ်တပ်က ဆုတ်ခွာသွားကြောင်း သိရှိရသည်။

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် ၄၀ ကျော် ၊ ၆၀မမ ၂ လက် ၊ Drone Jammer ၁ ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် စစ်သားအလောင်း ၂၁ လောင်း သိမ်းဆည်းရမိခဲ့ကြောင်း၊ အဆိုပါတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ဘက်မှလည်း ပေးဆပ်မှုအချို ရှိခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်များ တပ်စွဲရာတွင် သာသနိက အဆောက်အအုံများနှင့် စာသင်ကျောင်းများတွင် တပ်စွဲလေ့ရှိကြောင်းတွေ့ရှိရပြီး သရက်ကုန်းကျေးရွာတွင်လည်း သာသနာ့နယ်မြေဖြစ်သော စေတီပေါ်နှင့်စာသင်ကျောင်းတွင် အခိုင်အမာ တပ်စွဲခံစစ်ပြင်ထားသည်ကို တွေ့ရှိရကြောင်း ပြည်သူ့ကာကွယ် ရေးတပ်မတော်(မန္တလေး)က သတင်းထုတ်ပြန်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article