30 C
Yangon

ပုလောမြို့နယ်ရှိ စစ်တပ်၏ အမှတ် ၁၂ တိုင်းဗဟို လေ့ကျင့်ရေး သင်တန်းကျောင်းနှင့် စစ်ဆေးရေးဂိတ် တို့ကို ၃ ရက် ဆက်တိုက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၁၆

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ အမှတ် ၁၂ တိုင်းဗဟို လေ့ကျင့်ရေး သင်တန်းကျောင်းနှင့် စစ်ဆေးရေးဂိတ် တို့ကို ၃ ရက် ဆက်တိုက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ကြောင်း ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ထံမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၉ ရက်နေ့ မှ ၁၁ ရက်နေ့အထိ ပုလောဒေသ ကာကွယ်ရေးတပ်ဖွဲ့သည် အကြမ်းဖက် စစ်တပ်၏ ပုလောမြို့နယ်၊ ပုလောက်မြို့ခွဲ၊ အမှတ် ၁၂ တိုင်းဗဟို လေ့ကျင့်ရေး သင်တန်းကျောင်းနှင့် ထမင်းမစား စစ်ဆေးရေးဂိတ်တို့ကို ဒရုန်းဖြင့် ဗုံးသီး အလုံး ၄၀ ကျော် ကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အမှတ် ၁၂ တိုင်းဗဟို လေ့ကျင့်ရေး သင်တန်းကျောင်းသည် စစ်မှုထမ်းဥပဒေဖြင့် အကြမ်းဖက် စစ်တပ်က တနင်္သာရီတိုင်းတွင်ရှိသော စစ်သားသစ်များကို စုဆောင်းပြီး စစ်သင်တန်းပေးနေသည့်နေရာဖြစ်ကြောင်း၊ ယင်း တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရကာ စားဖိုဆောင် တစ်ခု ပျက်စီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ထမင်းမစား စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်မှု ဖြစ်စဉ်အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၀ ဦး ထက်မနည်း ထိခိုက်သေဆုံးခဲ့ပြီး အရေအတွက် အတိအကျကို ဆက်လက် စုံစမ်း စစ်ဆေးနေဆဲဖြစ်ကြောင်း သိရှိရသည်။

“သင်တန်းကျောင်းက တိုက်ခိုက်တာက ၁ ကောင်သေတယ် ၃ ကောင် ထိခိုက်ဒဏ်ရာရ စားဖိုဆောင် တစ်ခု ပျက်စီးသွားတယ်။ ထမင်းမစား စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်တာက ၁၀ ကောင် ထက်မနည်း ထိခိုက်ဒဏ်ရာရတယ်။ အတိအကျကိုတော့ စုံစမ်းနေဆဲပါပဲ” ဟု ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ထံမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ပုလောမြို့နယ်တွင် တိုက်ပွဲများ ပိုမို ပြင်းထန်လာနိုင်သောကြောင့် ပြည်သူများအနေဖြင့် စစ်ရေး သတိရှိရန်၊ အကြမ်းဖက် စစ်တပ်၏ ယာဉ်တန်းနောက် ကပ်မလိုက်ရန်၊ ဗုံးခိုကျင်း များတူးထားရန်နှင့် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များကို လိုက်နေပေးကြရန် ပုလောဒေသ ကာကွယ်ရေးတပ်ဖွဲ့က သတိပေး ထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article