34 C
Yangon

ဆီဆိုင်မြို့အနောက်တောင်ဘက်တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့်မော်တော်ယာဉ် ၁ စီး သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ဧပြီ ၁၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့အနောက်တောင်ဘက်တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့်မော်တော်ယာဉ် ၁ စီး သိမ်းဆည်းရရှိကြောင်း PNLA က သတင်းထုတ်ပြန်သည်။

ယမန်နေ့ ဆီဆိုင်မြို့နယ် ၁ နေရာတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် PNLAတို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ဆီဆိုင်မြိုနယ် အနောက်တောင်ဘက်တနေရာတွင် ဖြစ်ပွားခဲ့သည့် ထိုတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၁၀ ဦးထက်မနည်း သေဆုံးခဲ့သည်ကို မျက်မြင်တွေ့ခဲ့ရကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲထံမှ လက်နက်ငယ် ၃ လက်နှင့် မော်တော်ယာဉ်တစီးကို သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်တွင် ဖြစ်ပွားသော တိုက်ပွဲအတွင်း အမတ ၅၀၇ နှင့် ခမရ ၅၀၉ တပ်ရင်း တို့မှ ဗိုလ်ကြီး ဝေလင်းမောင် နှင့် စစ်ဗိုလ် အောင်ကျော်ထွန်း အပါအဝင် စစ်သား ၁၅ ဦး သေဆုံးခဲ့ကြောင်း PNLA က ပြောဆိုသည်။

ဧပြီလ ၁၅ ရက်နေ့ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်၏ အမတ ၅၀၇ တပ်ရင်းနှင့် ခမရ ၅၀၉ တပ်ရင်းမှ ဗိုလ်ကြီး ဝေလင်းမောင်၊ စစ်ဗိုလ် အောင်ကျော်ထွန်းနှင့် ဒုတပ်ကြပ် အောင်မျိုးထွန်း အပါအဝင် စစ်သား ၁၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် ဧပြီလ ၁၄ ရက်နေ့ကလည်း တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အဆိုပါ တိုက်ပွဲ အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ ၁၁ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ပြီး ၂ ဦးမှာ အောင်ပန်း ကုတင် ၇၀၀ ဆေးရုံ အတွင်း သေဆုံးသွားကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ဆီဆိုင်မြို့အနောက်တောင်ဘက်တိုက်ပွဲ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article