30 C
Yangon

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ရှိ စစ်ကောင်စီ၏ အမှတ် ၂၁ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံကို PDF တပ်ပေါင်းစုတိုက်ခိုက်

Must read

ရန်ကုန်၊ ဧပြီ ၁၇

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ရှိ စစ်ကောင်စီ၏ အမှတ် ၂၁ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံကို PDF တပ်ပေါင်းစုတိုက်ခိုက်ကြောင်း အမျိုးသားညီ ညွတ်ရေးအစိုးရ၊ NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ဧပြီလ ၁၆ ရက်နေ့ နံနက် ၉ နာရီအချိန် စစ်ရေး ပစ်မှတ်တစ်ခုဖြစ်သည့် စစ်ကောင်စီ၏ အမှတ် ၂၁ ကာကွယ်ရေးပစ္စည်းစက်ရုံ၏ စစ်ဆင်ရေး ပစ်မှတ် နေရာ ၂၀ ခု ကို ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)၊ အမှတ် (၁) စစ်ဒေသ၊ မကွေးတိုင်း ကွပ်ကဲရေးရုံး အောက်ရှိ တပ်ရင်းတပ်ဖွဲ့များက တပြိုင်နက် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ် ၁ စစ်ဒေသ၊ မကွေးတိုင်း ကွပ်ကဲရေးရုံး ကွပ်ကဲမှုဖြင့် မကွေးတိုင်းဒရုန်း လက်ရုံးတပ်၊ တိုင်းရုံး တိုက်ခိုက်ရေးအဖွဲ့၊ ပခုက္ကူခရိုင် အမှတ် ၁၊ ၄၊ ၅၊ ၈၊ ၁၁၊ ၁၉ တပ်ရင်းများ၊ ဂန့်ဂေါခရိုင် အမှတ် ၃၊ ၅၊ ၆၊ ၁၃ တပ်ရင်းများ၊ မကွေးခရိုင် အမှတ် ၁ တပ်ရင်းနှင့် သခင်ဖိုးလှကြီးအဖွဲ့တို့က သက်ဆိုင်ရာ စစ်ဆင်ရေး ပစ်မှတ်နေရာများသို့ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

တိုက်ခိုက်မှု ဖြစ်စဥ်အတွင်း မိမိတို့၏ စစ်ဆင်ရေး ရည်မှန်းချက်များ အောင်မြင်ခဲ့ပြီး အမှတ် ၂၁ ကာကွယ်ရေးပစ္စည်းစက်ရုံ၏ ထိခိုက်ပျက်စီးမှုများကို အသေးစိတ်စုံစမ်းနေကြောင်း ကနဦး အသိပေး ထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article