28 C
Yangon

မြန်မာပြည်သူများကို စစ်အာဏာရှင်စနစ်လက်အောက်မှ လွတ်မြောက်ရေး UWSA က ကူညီပံ့ပိုးမှုကို ဂုဏ်ယူဟု NUG ယာယီသမ္မတ ဒူဝါလရှီးလ ထုတ်ဖော်ပြောဆို

Must read

စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့ အတွက် NUG က UWSA နှင့် လက်တွဲဆောင်ရွက်မည်ဟု ကမ်းလှမ်း

ရန်ကုန်၊ ဧပြီ ၁၇

မြန်မာပြည်သူများကို စစ်အာဏာရှင်စနစ်လက် အောက်မှ လွတ်မြောက်ရေး “ဝ” ပြည်သွေး စည်းညီညွတ်ရေးပါတီ အနေဖြင့် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများကို ဦးဆောင် ကူညီပံ့ပိုးမှုကို ဂုဏ်ယူကြောင်း NUG အစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ က ထုတ်ဖော်ပြောဆိုလိုက်သည်။

ယနေ့ ဧပြီလ ၁၇ ရက်နေ့တွင် ကျရောက်သည့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) စတင်တည်ထောင်ခြင်း ၃၅ နှစ်ပြည့် အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ခြင်းဖြစ်သည်။

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီသည် စတင်တည်ထောင်သည့် အချိန်မှစ၍ ယနေ့အထိ မြန်မာနိုင်ငံအတွင်းရှိ တိုင်း ရင်းသားပြည်သူများအားလုံး စစ်အာဏာရှင်စနစ်မှ လွတ်မြောက်ရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော ဖက်ဒရယ်ပြည်ထောင်စုစနစ် ပေါ်ထွန်း လာရေးအတွက် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများကို ဦးဆောင်ဦးရွက်ပြုကာ ကူညီပံ့ပိုးခဲ့ သည်များကိုလည်း ဂုဏ်ယူမိကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် လက်ရှိ “ဝ” ပြည်က ရရှိထားသည့် တည်ငြိမ်အေးချမ်းမှု၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုနှင့် တရားဥပဒေစိုးမိုးမှုများကို ဆက်လက် ထိန်းသိမ်းနိုင်ရန်နှင့် ပိုမို တိုးတက်ဖွံ့ဖြိုးလာစေရန်အတွက် “ဝ” ပြည်သွေး စည်းညီညွတ်ရေးပါတီ ပြည်သူ့အစိုးရနှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်တို့က ဆက်လက် ဦးဆောင်ကြိုးပမ်းဆောင်ရွက်နိုင်ပါ စေကြောင်း ဆန္ဒပြုထားသည်။

၁၀၂၇ စစ်ဆင်ရေးအတွင်း “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသအတွင်းသို့ ဝင်ရောက်စစ်ဘေးရှောင်လာကြသော ပြည်သူများကို ကာကွယ် စောင့်ရှောက်ပေးသည့်အပေါ်လည်း လေးစားဂုဏ်ယူကျေးဇူး ဥပကာရ တင်ရှိကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အကြမ်းဖက်စစ်အာဏာရှင်ကို အပြီးသတ်ချေမှုန်းနိုင်မှသာ “ဝ” တိုင်းရင်းသားများအပါအဝင် ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်းရှိ တိုင်းရင်းသားပြည်သူများလိုလားသည့် အမျိုးသားတန်းတူညီမျှမှု အပြည့်အဝရှိသည့် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်မည်ဟု ယုံကြည်ကြောင်း ဖော်ပြထားသည်။

စစ်အာဏာရှင်စနစ်အမြစ်ပြတ်ဖြုတ်ချရေး၊ စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့ အတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီနှင့် လက်တွဲဆောင်ရွက်မည်ဖြစ်ကြောင်း NUG အစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ က သဝဏ်လွှာတွင် ပြောဆိုထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #မြန်မာပြည်သူများ #စစ်အာဏာရှင်စနစ်လက်အောက် #NUG ယာယီသမ္မတ ဒူဝါလရှီးလ #UWSA က ကူညီပံ့ပိုးမှု

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article