34 C
Yangon

မိုးမိတ်မြို့ ရှိ ပြည်သူများ၏ နေအိမ်များကို စစ်ကောင်စီ၏ တပ်မ ၉၉ က ဖောက်ထွင်းပြီး လက်ဝတ်ရတနာနှင့် တန်ဖိုးရှိပစ္စည်းများ ခိုးယူနေ

Must read

ရန်ကုန်၊ ဧပြီ ၁၇

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့ ရှိ ပြည်သူများ၏ နေအိမ်များကို စစ်တပ်က ဖောက်ထွင်းပြီး လက်ဝတ်ရတနာနှင့် တန်ဖိုးရှိပစ္စည်းများ ခိုးယူနေကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက တရားဝင် ပြောဆိုလိုက်သည်။

မိုးမိတ်မြိုနယ်၊ ရပ်ကွက်နှင့် ကျေးရွာအတွင်းရှိ ဒေသခံနေအိမ်များကို စစ်ကောင်စီတပ် တပ်မ ၉၉ နှင့် ပျူစောထီးပူးပေါင်းတပ်တို့က ဖောက်ထွင်းပြီး လက်ဝတ်ရတနာနှင့် တန်ဖိုးရှိပစ္စည်းများ ယူဆောင်သွားကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ထိ စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)တို့ ၁ လနီးပါးကြာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ဒေသခံ၏ နေအိမ်အများအပြား မီးလောင်ဆုံးရှုးခဲ့ပြီး နေအိမ် အများအပြားဖောက်ထွင်းခံခဲ့ရကြောင်း၊ နေအိမ်အတွင်း ဖောက်ထွင်းခံရမှုကြောင့် ကား၊ ဆိုင်ကယ်အပြင် လက်ဝတ်ရတနာဖြစ်သည့် ရွှေဆွဲကြိုး၊ နားကပ်၊ လက်စွပ်၊ ဖုန်း၊ မီးစက်၊ ပိုက်ဆံ၊ ကုန်စုံဆိုင်အတွင်း တန်ဖိုးရှိ ပစ္စည်းများနှင့် ရိုးရာဝတ်စုံပစ္စည်းများကို စစ်တပ်က ယူဆောင်သွားခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်လက်အောက်ခံ တပ်မ ၉၉ နှင့် ပျူစောထီး ပူပေါင်းတပ်တို့ ပူးပေါင်း ဖောက်ထွင်းခဲ့သည့် ရပ်ကွက်များမှာ ဟော်နန်း ဒေသအခေါ်အဝေါ်(အာသံရပ်ကွက်)၊ လက်ခုပ်တန်း ဒေသအခေါ်အဝေါ်(ပလောင်ကုန်း)ရပ်ကွက်၊ တောင်ပိုင်းရပ်ကွက်နှင့် မြောက်ကိုင်းရပ်ကွက်တို့ဖြစ်ကြောင်း သိရှိရသည်။

“အိမ်တိုင်းလိုလိုပဲ ဝင်မွှေသွားတယ်၊ ကျွန်တော်တို အိမ်ကတော့ ဖုန်းနဲ့(၁)လုံး Kenbo ဆိုင်ကယ်(၁)စီးနဲ့ ငွေဆယ်သိန်းပါ ယူသွားတယ် တခြားအိမ်တွေလည်း အများကြီးရှိတယ်၊ တိတိကျကျတော့ မသိရသေးဘူး”ဟု လက်ခုပ်တန်းရပ်ကွက် ဒေသခံတစ်ဦးက ပြောသည်။

ထိုပြင် စစ်ကောင်စီတပ် တပ်မ(၉၉)နှင့် ပျူစောထီး ပူးပေါင်းတပ်တိုက ပြည်သူပိုင် ကားများကိုလည်း အတင်း အဓမ္မယူဆောင်သွားပြီး သိန်းရာချီ လာရွေးခိုင်းနေသည်ဟု မိုးမိတ်မြိုခံ တစ်ဦးက ဆိုသည်။

” ကျွန်မတို့ ရပ်ကွက်မှာဆို ကားတွေယူသွားပြီး သိန်းနှစ်ရာနဲ့ လာရွေးခိုင်းတယ်၊ တချို့လည်း ပြန်ရွေးတယ်၊ တချို့လည်း ငွေမတတ်နိုင်လို့ မရွေးဖြစ်ဘူးပေါ့” ဟု ဟော်နန်းရပ်ကွက်ဒေသခံ တစ်ဦးကပြောသည်။

မိုးမိတ်မြို့တွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော်(KIA)တို တိုက်ပွဲကြောင့် ရပ်ကွက်နှင့် ကျေးရွာရှိ ဒေသခံနေအိမ်အများအပြား နေအိမ် မီးလောင် ပျက်စီး ဆုံးရှုံးခဲ့ပြီး လက်ရှိအချိန်ထိ အိမ်နေ စွန့်ခွာပြီး စစ်ဘေးရှောင်နေသူလည်း အများအပြားရှိနေကြောင်း သိရှိရသည်။

ဓာတ်ပုံ- တပ်မ ၉၉ မှ တပ်ဖွဲ့ဝင် စစ်သားတချို့။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #မိုးမိတ်မြို့ #လက်ဝတ်ရတနာနှင့် တန်ဖိုးရှိပစ္စည်းများ ခိုးယူ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article