32 C
Yangon

သံကလောင်ကျောင်းထိုင်ဆရာတော်ကို စစ်ကောင်စီက ပစ်ခတ်သတ်ဖြတ်မှု MSFC အပြင်းအထန်ရှုတ်ချ

Must read

သံကလောင်ကျောင်းထိုင်ဆရာတော်ကို စစ်ကောင်စီက ပစ်ခတ်သတ်ဖြတ်မှု MSFC အပြင်းအထန်ရှုတ်ချ

ရန်ကုန်၊ဧပြီ ၁၈

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ သံကလောင်ကျေးရွာမှ ကျောင်းထိုင် ဆရာတော် ဦးဝါယမကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ပစ်ခတ်သတ်ဖြတ်တဲ့အပေါ် အပြင်းအထန် ရှုတ်ချတယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC က ထုတ်ပြန်ပါတယ်။

ဧပြီ ၁၄ ရက်နေ့၊ သင်္ကြန်အကျနေ့မှာ နေ့ဆွမ်းစားပြီး သံကလောင်ကျေးရွာ ကျောင်းကို ဘုန်းကြီးကျောင်းက ကားနဲ့အပြန် တရနာရွာအဝင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့တာကြောင့် ဆရာတော် ဦးဝါယမ ပျံလွန်တော်မူသွားရတာ ဖြစ်တယ်လို့ MSFC က ထုတ်ပြန်ထားပါတယ်။

ဆရာတော် ဦးဝါယမရဲ့ ရင်ဘတ်မှာ ကျည်ဆန် ၂ ချက်တိတိ ထိမှန်ဒဏ်ရာရကာ ပျံလွန်သွားတာ ဖြစ်တယ်လို့ မွန်အခြေစိုက် မီဒီယာတွေက ဖော်ပြထားပြီး ပျံလွန်ချိန်မှာ သက်တော် ၅၅ နှစ်၊ ဝါတော် ၃၅ နှစ် ရှိပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့မတ်လကလည်း ကျိုက်မရောမြို့နယ်၊ သံကလောင်ကျေးရွာက အသက် ၆၀ ဝန်းကျင် အမျိုးသားတဦး ဟင်းသီး၊ဟင်းရွက် စိုက်ခင်း ရေလောင်းနေစဉ် စစ်ကောင်စီတပ်က ပစ်သတ်သွား တာကြောင့် သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်လည်း ဖြစ်ခဲ့ပါတယ်။

ကျိုက်မရောမြို့နယ်ရှိ ဓမ္မသကျေးရွာ အပါအဝင် ကျေးရွာ ၁၀ ရွာခန့်ကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေကြောင်းနဲ့ တိုက်ခိုက်တာကြောင့် မွန်ပြည်သူ ၁၀၀၀၀ ကျော်တို့ဟာ လက်ရှိ အချိန်အထိ ထွက်ပြေးတိမ်းရှောင်နေရဆဲ ဖြစ်ပါတယ်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC က စစ်ကောင်စီဟာ မွန်ပြည်နယ်မှာမက အခြားဒေသက ဘာသာရေးခေါင်းဆောင်တွေကို သတ်ဖြတ်တာ၊ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း အပါအဝင် ဘာသာရေး အဆောက်အအုံတွေကို တိုက်ခိုက်နေခြင်းဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်နေတာကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းမှ စစ်ကောင်စီကို အရေးယူပေးဖို့ တောင်းဆိုတယ်လို့ ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article