32 C
Yangon

Khit Thit သတင်းဌာန၏ ဧပြီ ၁၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဧပြီ ၁၈ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • မွန်ပြည်နယ်၊ မော်လမြိုင်မြို့က အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်း အစည်း အဝေး လုပ်နေတဲ့ အချိန် ဒရုန်းနဲ့ တိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရနေတဲ့ အကြမ်းဖက် ဒုတိယ စစ်ခေါင်းဆောင် စိုးဝင်းဟာ လူမြင်ကွင်းကို ထွက်မလာတာ ၁၅ ရက်တိုင်ရှိနေပြီလို့ စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ကချင်ပြည်နယ် ဖားကန့်မြို့နယ်က အကြမ်းဖက် စစ်ကောင်စီရဲ့ လွယ်ဆိုင်တပ်စခန်းက စစ်ကောင်စီ တပ်သားတွေ ထွက်ပြေးသွားပြီးတဲ့နောက် KIA နဲ့ မဟာမိတ်တပ်တွေက ဝင်ရောက်ရှင်းလင်းတဲ့အချိန် လက်နက်ကြီးကျည် ခဲယမ်းမျိုးစုံကို ကားကြီး ၂ စီးစာ သိမ်းဆည်း ရရှိထားတယ်လို့ KIA သတင်းရင်းမြစ်က ပြောပါတယ်။
  • မြစ်ကြီးနားထောင်ကနေ မနေ့က ပြန်လည် လွတ်မြောက်လာတဲ့ KBC ဥက္ကဋ္ဌ ဟောင်း ဒေါက်တာ ဆလမ်ဆမ်ဆွန်ကို မနေ့က ညသန်းခေါင်ယံအချိန်မှာပဲ အကြမ်းဖက် စစ်တပ်က ပြန်ဖမ်းသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article