36 C
Yangon

ထိုင်းတော်ဝင်လေတပ်က ယနေ့ မွန်းလွဲပိုင်းတွင် F-16 တိုက်လေယာဉ် ၂ စီးဖြင့် ထိုင်း-မြန်မာနယ်စပ်တွင် ကင်းလှည့် ပျံသန်းမည်

Must read

ရန်ကုန်၊ ဧပြီ ၁၉

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် တိုက်ပွဲများ ပြင်းထန်နေချိန် ထိုင်းတော်ဝင်လေတပ်က ယနေ့ မွန်းလွဲ ထိုင်းစံတော်ချိန် ၁ နာရီအချိန်တွင် F 16 တိုက်လေယာဉ် ၂ စီးဖြင့် ထိုင်း-မြန်မာနယ်စပ်တွင် ကင်းလှည့်ပျံသန်းမည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနများ၏ သတင်းဖော်ပြချက်အရ သိရှိရသည်။

ယနေ့ ဧပြီလ ၁၉ ရက်နေ့ ထိုင်းစံတော်ချိန် မွန်းလွဲ ၁ နာရီ (မြန်မာစံတော်ချိန် မွန်းတည့် ၁၂ နာရီ ၃၀ မိနစ်) အချိန်တွင် ထိုင်းတော်ဝင်လေတပ်မှ F16 တိုက်လေယာဉ် ၂ စီး ပျံသန်းကင်းလှည့်မည်ဖြစ်ကြောင်း၊ ထိုင်းပြည်သူများ သိရှိထားနိုင်ရန် သတင်းထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရှိရသည် ။

လတ်တလော မြန်မာနိုင်ငံဘက်အခြမ်းတွင် အထူးသဖြင့် ကော့ကရိတ်မြို့နယ်အတွင်း မြ၀တီဘက်သို့ စစ်ကူလာနေသော စစ်တပ်စစ်ကြောင်းများကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်လျက်ရှိပြီး စစ်တပ်က လေ ကြောင်းမှတစ်ဆင့် တိုက်ခိုက်မှုများ လုပ်ဆောင်ခြင်း၊ ဓာတု အဆိပ်ငွေ့များ အသုံးပြုခြင်းများ ရှိနေကြောင်း ကျားဖြူစစ်ကြောင်းက ထုတ်ဖော်ပြောဆိုသည်။

“မနေ့က တိုက်ပွဲမှာ စစ်တပ်ဘက်က သေတာတွေလည်း များတယ်။ ကျနော်တို့ တော်လှန်ရေးဘက်မှာလည်း ရဲဘော်တွေ ၁ ဦး၊ ၂ ဦး ကျတာ ၊ ထိခိုက်ဒဏ်ရာရရှိတာရှိပါတယ်။ အသေးစိတ် တိုက်ပွဲ အခြေအနေကတော့ သက်ဆိုင်ရာ Page တွေကနေ ထုတ်ပြန်ပါ့မယ်။ လက်ရှိတော့ စစ်ရေး ဆိုင်ထားတော့ ပြောလို့မကောင်းဘူး” ဟု ကျားဖြူစစ်ကြောင်းမှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ထိုင်းတော်ဝင်လေတပ် #F-16 တိုက်လေယာဉ် #ထိုင်း-မြန်မာနယ်စပ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article