37 C
Yangon

မြစ်ကြီးနားလေတပ်ကို ရှော့တိုက်ဒုံး ၁၀ လုံးဖြင့် အနီးကပ် ဝင်ရောက် ပစ်ခတ်တိုက်ခိုက်

Must read

ရန်ကုန်၊ ဧပြီ ၁၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ရှိ မြစ်ကြီးနားလေတပ်ကို ရှော့တိုက်ဒုံး ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း NBPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၁၉ ရက်နေ့ နံနက် ၉ နာရီ ၅၅ မိနစ်အချိန် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ရှိ တိုက်လေယာဉ်အားကိုးပြီး အပြစ်မဲ့ ပြည်သူများပါမကျန် အနိုင်ကျင့် ဗုံးကျဲသတ်ဖြတ်နေသော မြစ်ကြီးနားလေတပ်စခန်းကို NBPDF တပ်ဖွဲ့ က ရှော့တိုက်ဒုံး ၁၀ လုံးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

” မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(စစ်ကောင်စီ)တပ်နယ်မြေအတွင်းထိ ဒုတိယအကြိမ် ဝင်ရောက်ပြီး ၁၀၇ မမ ၁၀ လုံးနဲ့ အတွဲလိုက်ပစ်ခတ် တိုက်ခိုက်ခြင်းဖြစ်ပါတယ်။ ခက်ခဲတဲ့ ကြားမှ အနီးကပ်ဝင်ရောက်ပစ်ခတ်နိုင်ခဲ့ပြီး NBPDF ရဲဘော်များအားလုံး ဘေး ကင်းစွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု NBPDF တပ်ဖွဲ့ မှတာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်းတွင်လည်း NBPDF တပ်ဖွဲ့က ရှော့တိုက်ဒုံး ၄ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ – ယနေ့ နံနက်ပိုင်း မြစ်ကြီးနားလေတပ်ကို ပစ်ခတ်ခဲ့သည့် ရှော့တိုက်ဒုံး ၁၀ လုံးကို မပစ်ခတ်မီ တွေ့မြင်ရစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #မြစ်ကြီးနားလေတပ် #အနီးကပ်ဝင်ရောက်ပစ်ခတ်

ယနေ့ နံနက်ပိုင်း မြစ်ကြီးနားလေတပ်ကို ပစ်ခတ်ခဲ့သည့် ရှော့တိုက်ဒုံး ၁၀ လုံးကို မပစ်ခတ်မီ တွေ့မြင်ရစဉ်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article