36 C
Yangon

ပေါက်မြို့မှ ကမ္မမြို့သို့ ထွက်ခွာလာသော စစ်ယာဉ်တန်းကို မိုင်းဆွဲခြင်းနှင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၅ ဦး ထက်မနည်း သေဆုံး၊ ဆားလင်းကြီးတွင် ထွေ/အုပ်ရုံးနှင့်ရဲစခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်

Must read

ရန်ကုန်၊ ဧပြီ ၁၉

မကွေးတိုင်း၊ ပေါက်မြို့မှ ကမ္မမြို့သို့ ထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီ၏ စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း မြိုင်ပကဖမှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဧပြီလ ၁၈ ရက် ညနေ ၄ နာရီခွဲခန့်ကစတင်ပြီး ပေါက်မြို့မှ ကမ္မမြို့သို့ ဦးတည်ထွက်ခွာ လာသော ယာဉ်အစီး ၇၀ ခန့်ပါ အကြမ်းဖက်စစ်ယာဉ်ကို မကျည်းသုံးပင်ရွာနှင့် ကမ္မမြို့ကြား အ ရောက် မိုင်း ၃ ကြိမ်ဆွဲပြီး တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၅ ဦးထက်မနည်းသေဆုံးပြီး အများ အပြားဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ယင်းယာဉ်တန်းအား တိုက်ခိုက်မှု ပထမ အကြိမ်တွင် မော်တော်ယာဉ်တစ်စီး နင်းမိုင်းထိမှန် ပျက်စီး သွားကာ ယာဉ်တန်းမှာ အချိန်အတော်ကြာကြာ ရပ်တန့်သွားခဲ့ကြောင်း၊ ညနေ ၄ နာရီ မိနစ် ၄၀ အချိန်တွင် လမ်းဘေးဝဲယာရှိ ပြည်သူ့နေအိမ်များအား ဖောက်ထွင်းခိုးယူနေသော အကြမ်းဖက် စစ်သားများကို တစ်ကြိမ်၊ ညနေ ၄ နာရီမိနစ် ၅၀ ခန့်တွင် အကြမ်းဖက်စစ်ယာဉ်တန်း၏ ရှေ့ပြေးပွိုင့် အားတစ်ကြိမ် မိုင်းပွိုင့်များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုများ အတွင်း အကြမ်းဖက်စစ်သားများက လမ်းဘေးဝဲယာသို့ လက်နက်ကြီး လက် နက်ငယ် များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိအခိုက် မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ည ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် ကမ္မ ရဲစခန်းရှေ့ဝန်းကျင်တွင် ရပ်နားထားသော အကြမ်းဖက် စစ်ယာဥ်တန်းနှင့် စစ်သားများကို ဒရုန်းဖြင့် 2 kg ဗုံးသီး ၇ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက် မှုများကို Leopard Guerrilla ForcePDF Kamma (ကမ္မ တပ်ပေါင်းစု)ဗိုလ်စနေ အဖွဲ့KMDF (ကမ္မ တပ်ပေါင်းစု)Red Giant (RG) နှင့် မြိုင်ပကဖ တပ်ရင်း ၁ တပ်ခွဲ-၁ ၊ တပ်ခွဲ- ၂ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အလားတူ ဧပြီလ ၁၈ ရက်နေ့ ည ၉ နာရီမှ ၁၁ နာရီအထိ စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့ထွေ/အုပ်ရုံး နှင့်ရဲစခန်း ကို တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ကြောင်း၊ Chindwin Toe Na Yar PDFဒေါင်းမင်းတပ်ရင်းခွဲ ၂၊ Black Eagle Revolution ForceSKYဆားလင်းကြီးမဟာမိတ်တပ်ပေါင်းစုတို့က စည်းလုံးညီညွတ်စွာပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ၊ စစ်သားများ ထိခိုက်သေဆုံးမှု အခြေအနေမသိရသေးကြောင်း တော်လှန်ရေးတပ်ဖွဲ့က ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ပေါက်မြို့မှ ကမ္မမြို့ #ဆားလင်းကြီးတွင် ထွေ/အုပ်ရုံးနှင့်ရဲစခန်း #တော်လှန်ရေးတပ်များ တိုက်ခိုက်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article