29 C
Yangon

ဖားကန့်၊ နန့်ယားကျေးရွာအနီးတဝိုက် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲပစ်ခတ်

Must read

ဖားကန့်၊ နန့်ယားကျေးရွာအနီးတဝိုက် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲပစ်ခတ်

ရန်ကုန်၊ ဧပြီ ၁၉

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နန့်ယားကျေးရွာအနီးတဝိုက်၌ တိုက်ပွဲဖြစ် ပွားခြင်းမရှိဘဲ စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်း ဌာန ထံသို့ပြောကြားသည်။

ယနေ့ ဧပြီလ ၁၉ ရက် နံနက် ၉ နာရီခွဲခန့်က ဖားကန့်မြို့နယ် KIA တပ်မဟာ ၉ တပ်ရင်း ၄၄ နယ်မြေ နန့်ယား ကျေးရွား အနီးတဝှိုက်ရှိ ဆွတ်ကြိုင်မှော်(ခါချဉ်မှော်) ဘက်၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အ ကြမ်းဖက် စစ်တပ်က Y12 လေယာဉ် ၂ စီးဖြင့် လာရောက်ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ မွန်းလွဲ ၂ နာရီကျော်အချိန်တွင်လည်း အဆိုပါ‌ တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် ဗုံးကျဲခြင်း၊ ရဟတ်ယာဉ် ပေါ်မှ စက်သေနတ်ဖြင့် ပစ်ခတ်ခြင်း ထပ်မံပြုလုပ်ခဲ့ကြောင်း သိရသည်။

“ဗုံးတွေအများကြီးချသွားတော့ အရေအတွက်ဘယ်လောက်ရှိတယ်ဆိုတာ မမှတ်မိတော့ဘူး၊ ညနေ ၂ နာရီလောက်ကလည်း နန့်ယားကျေးရွာအနီးတဝိုက်ကို ရဟတ်ယာဉ်နဲ့လာပြီး ဗုံးလည်းကျဲသွား တယ်။ စက်သေနတ်တွေနဲ့လည်းပစ်သွားတာ၊ မနက်ရော ညနေရောဆိုရင် ၂ ခေါက်လုပ်သွားတာ ပေါ့။ ပြီးလို့ရှိရင် ဒီညနေပိုင်းမှာပဲ မိုးကောင်းမြို့နယ်၊ နမ္မတီးကျေးရွာအနီးမှာရှိတဲ့ KIA တပ်မဟာ ၂ ရင်း ၁၁ ဘက်ကိုလည်း တိုက်လေယာဉ်နဲ့လာပြီးတော့ ဗုံး ၁၄ ကြိမ်ကျဲသွားတယ်။” ဟု ဒေသနေပြည် သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ နန့်ယားကျေးရွာအနီးတဝိုက်ကို KIA က တိုက်ခိုက်သိမ်းပိုက်ထားခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွား ခြင်း မရှိသော်လည်း အကြမ်းဖက်စစ်တပ်က ပြည်သူလူထုရှိရာနေရာကို အကြောင်းမဲ့ လေကြောင်း ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယနေ့ ဧပြီလ ၁၉ ရက် ညနေပိုင်းက ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့အနီး KIA တပ်မဟာ ၂ တပ်ရင်း ၁၁ ဒေသ ဘက်ကို တိုက်လေယာဉ်ဖြင့် ဗုံး ၁၄ ကြိမ် ကျဲချကာ ပစ်ခတ် တိုက်ခိုက်မှု ပြုလုပ်ခဲ့သေးကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article