38 C
Yangon

Breaking News- မြဝတီမြို့ပြင် အမှတ် ၂ တံတားဘက်တွင် တစ်ညလုံးတိုက်ပွဲများဖြစ်ပွားပြီး စစ်တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှုများကြောင့် ပြင်းထန်သော ပေါက်ကွဲမှုများကြီးဖြစ်ပေါ်ကာ မဲဆောက်ဘက်အခြမ်းမှ အိမ်များပင်တုန်ခါသွား၊

Must read

Breaking News- မြဝတီမြို့ပြင် အမှတ် ၂ တံတားဘက်တွင် တစ်ညလုံးတိုက်ပွဲများဖြစ်ပွားပြီး စစ်တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှုများကြောင့် ပြင်းထန်သော ပေါက်ကွဲမှုများကြီးဖြစ်ပေါ်ကာ မဲဆောက်ဘက်အခြမ်းမှ အိမ်များပင်တုန်ခါသွား၊

■ မြ၀တီအမှတ် ၂ တံတားဘက်တွင် လက်ရှိ တိုက်ပွဲ အကြီးအကျယ်ဖြစ်နေ

ရန်ကုန်၊ ဧပြီ ၂၀

ကရင်ပြည်နယ်၊ မြဝတီမြို့ ပြင် အမှတ် ၂ တံတားဝင်းအတွင်း ပုန်းအောင်းလျက်ရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲများဖြစ်ပွားပြီး စစ်တပ်က တိုက်လေယာဉ်များဖြင့် ဗုံးကျဲမှုများ လုပ်ဆောင်သောကြောင့် ပြင်းထန်သော ပေါက်ကွဲမှုကြီးများဖြစ်ပေါ်ကာ မဲဆောက်ဘက်အခြမ်းမှပင် နေအိမ်များ တုန်ခါသွားကြောင်း ထိုင်း-မြန်မာနယ်စပ် စစ်ရေး သတင်းရင်းမြစ်များက ပြောဆိုကြသည်။

ဧပြီလ ၁၉ ရက်နေ့ မြန်မာစံတော်ချိန် ည ၆ နာရီ ၄၀ ဝန်းကျင်အချိန် (ထိုင်းစံတော်ချိန် ည ၇ နာရီ ၁၀ မိနစ်ဝန်းကျင်) မြ၀တီမြို့ ခလရ ၂၇၅ မှ ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ ခိုအောင်းနေသော အမှတ် ၂ ချစ်ကြည်ရေးတံတားဝင်းအတွင်းသို့ ဒရုန်းဖြင့် ဗုံးကျဲမှု ဖြစ်ပွားခဲ့ကြောင်း၊ ယင်းနောက် ယမန်နေ့ည ၁၁ နာရီ ၅၅ မိနစ်မှစတင်ပြီး အဆက်မပြတ် ပစ်ခတ်သံများ၊ လေယာဉ်ဖြင့် ဗုံးကျဲမှုများ ရှိခဲ့ကြောင်း သိရှိရသည်။

“မြ၀တီမြို့ပြင် လက်ခတ်တောင်ဘက်မှာ လေယာဉ်နဲ့ ဗုံးကျဲတာလို့ ထင်ပါတယ်။ မနေ့ည ၁၁ နာရီ ၅၅ မိနစ်မှာ ပေါက်ကွဲသံ တွေ အကျယ်ကြီးပဲ ထွက်တယ်။ ရွှေမြစန္ဒီဘက်မှာလည်း ပေါက်ကွဲသံတွေကြားရတယ်။ အဲဒါပြီးတော့ ဒီမနက် ၄ နာရီ ၅၀ မိနစ်မှာ လေယာဉ်နဲ့ လာကျဲတာ။ အမှတ် ၂ တံတားဘက်ကို။ အခုထက်ထိ လေယာဉ်နဲ့ ကျဲတာ ၉ လုံးလောက်ရှိနေပြီ ။ မနက် ၅ နာရီ ၉ မိနစ်မှာ အမှတ် ၂ ချစ်ကြည်ရေးတံတား ပတ်ဝန်းကျင်ကို လေယာဉ်နဲ့ ၇ လုံးကျဲချတယ်။ နောက်တစ်ခါ ၁ လုံးထပ်ကျဲတယ်။ လက်နက်ကြီး လက်နက်ငယ် အသံတွေ အစုံထွက်နေတယ်။ အမှတ် ၂ တံတားနားက ရွာတွေက ပြည်သူတွေ ပြေးနေရပြီ” ဟု မြ၀တီမြို့ အခြေစိုက် စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည် ။

ထို့ပြင် မြ၀တီမြို့နယ် အမှတ် ၂ တံတားတွင် ယနေ့ နံနက်အစောပိုင်း တိုက်ပွဲ ပြင်းထန်လာချိန် ပေါက်ကွဲသံများကို ထိုင်းနိုင်ငံ၊ မဲဆောက်ဘက်အခြမ်းမှ ကြားရကြောင်း ထိုင်းနိုင်ငံ၊ မဲဆောက်ဘက်မှ စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

“အမှတ် ၂ တံတားမှာ လေယာဉ်နဲ့ ကျဲပြီးတော့ အခု မနက် ၄၀ မမ၊ လက် နက်ကြီး လက်နက်သံစုံနေတာပဲ ။ တိုက်ပွဲဖြစ်နေပြီ။ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကျဲရင် မဲဆောက်ဘက်က အိမ်တွေတောင် တုန်ခါသွားတယ်။ ပေါက်ကွဲသံတွေက” ဟု မဲဆောက်မှ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့၏ ထောက်ပို့ စစ်ရေး သတင်းရင်းမြစ်က ဆိုသည်။

စစ်ကောင်စီက ယမန်နေ့ညပိုင်း လေးကေ့ကော်စွယ်တော်အမြောက်ကုန်းနှင့်အမှတ် ၂ တံတားပတ်ဝန်းကျင်မှ စစ်ကောင်စီ တပ်ဖွဲ့ဝင်များအတွက် လေယာဉ်ဖြင့် ရိက္ခာနှင့် လက်နက်ခဲယမ်များ ချထားပေးမှုများရှိကြောင်း စစ်ရေး သတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဓာတ်ပုံ- မြန်မာဘက်အခြမ်းမှ အမှတ် ၂ တံတား၏ ယနေ့ နံနက်မြင်ကွင်းနှင့် ယခင်ရက်များက မြ၀တီမြို့ပြင် တိုက်ပွဲမြင်ကွင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article