30 C
Yangon

စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ရုံးတက်ရုံးဆင်း၊ ပြည်တွင်းခရီးစဉ်နှင့် လှုပ်ရှားသွားလာမှုများကို ကိုယ်ရံတော်တပ်မှ လွဲ၍ ပြည်ထဲရေး၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် စစ်ရုံးချုပ်ကိုပင် ကြိုတင်အသိမပေးတော့

Must read

စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ရုံးတက်ရုံးဆင်း၊ ပြည်တွင်းခရီးစဉ်နှင့် လှုပ်ရှားသွားလာမှုများကို ကိုယ်ရံတော်တပ်မှ လွဲ၍ ပြည်ထဲရေး၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် စစ်ရုံးချုပ်ကိုပင် ကြိုတင်အသိမပေးတော့

ရန်ကုန်၊ ဧပြီ ၂၀

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၎င်း၏ ရုံးတက်ရုံးဆင်း၊ ပြည်တွင်းခရီးစဉ်များနှင့် လှုပ်ရှားသွားလာမှုများကို ၎င်း၏ ကိုယ်ရံတော်တပ်မှလွဲ၍ ပြည်ထဲရေး၊ ကာကွယ်ရေး၊ အရပ်ဘက်ဝန်ကြီးဌာနများနှင့် နေပြည်တော်စစ်ရုံးချုပ်ကိုပင် ကြိုတင် အသိမပေးတော့ကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

ဧပြီလ ၁၄ ရက်နေ့ ညပိုင်း ပြင်ဦးလွင်သို့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိနေချိန် ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရခြင်း၊ ဧပြီလ ၄ ရက် နံနက်ပိုင်း နေပြည်တော်ရှိ အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ နေအိမ်ကို ဒရုန်း ၄ စီး၊ စစ်ရုံးချုပ်ကို ၁၂ စီးနှင့် အေလာလေဆိပ်ကို အသေခံဒရုန်း ၁၂ စီး များဖြင့် တိုက်ခိုက်ခံရခြင်းတို့ကြောင့် စစ်ခေါင်းဆောင်က ၎င်းနှင့် မိသားစု၏ လုံခြုံရေးအတွက် လှုပ်ရှားသွားလာမှုများကို ဝန်ကြီးဌာနများနှင့် စစ်ရုံးချုပ်ကိုပင် အသိတော့ခြင်းမရှိကြောင်း သိရှိရသည်။

“အရင် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ စစ်ရုံးချုုပ်ကတော့ တပ်ချုပ် ခရီးစဉ်နဲ့ပတ်သက်ပြီး ကြိုတင် လုံခြုံရေးယူတာ။ မိုင်းရှင်းတာ လုပ်ဖို့ အနည်းဆုံး ၅ ရက် ကြိုတင် အသိပေးတယ်။ အခုတော့ ကပ်ပြီးတော့ပဲ ပြောတော့တယ်။ ကြိုတင် လုံခြုံရေးယူ ရှင်းလင်းတာကိုလည်း ကိုယ်ရံတော်တပ်ကပဲ လုပ်တော့တယ်။ ကိုယ်ရံတော်တပ်ကိုလည်း အတွင်းစည်း၊ အပြင်စည်း ထပ်တိုးချဲ့တယ်လို့ သိရတယ်။ အဓိက ပြင်ဦးလွင် တိုက်ခိုက်မှုအပြီးနဲ့ နေပြည်တော်ကို ဒရုန်း တွေနဲ့ တိုက်ခိုက်တဲ့ ဖြစ်စဉ်တွေကြောင့် အပြောင်းအလဲဖြစ်ကုန်တာ”ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။

ထို့ပြင် လုံခြုံရေးဆိုင်ရာ လျှို့ဝှက် ညွှန်ကြားချက်နှင့် အမိန့်များကို ဖြစ်နိုင်သမျှ စာရွက်စာတမ်းမသုံးတော့ဘဲ စကားဝှက်များ၊ ကုတ်များ၊ စကားပြောစက်ဖြင့် ညွှန်ကြား အမိန့်ပေးမှုများ ပြောင်းလဲ အသုံးပြုနေကြောင်း၊ စာရွက်စာတမ်းများ မကြာခဏ ပေါက်ကြားမှုကို ကာကွယ်သည့်သဘောဖြစ်ကြောင်း ၎င်းက ဆိုသည်။

စစ်ခေါင်းဆောင်၏ ခရီးစဉ်နှင့် လှုပ်ရှားသွားလာမှုများကို နေပြည်တော်စစ်ရုံးချုပ်ကိုပင် အသိမပေးတော့ခြင်းသည် အချင်းအချင်း မယုံကြည်တော့သည့် သဘောသက်ရောက်နေကြောင်း ၊ ပြည်နယ်/တိုင်းစစ်ကောင်စီများသို့လည်း လျှို့ဝှက် ညွှန်ကြား စာများ ပေးပို့ရာတွင် စာရွက်စာတမ်းဖြင့် ပေးပို့မှုများ လျှော့ချရန် စစ်ခေါင်းဆောင်က ညွှန်ကြားမှုများ ရှိနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article