38 C
Yangon

တိုက်ပွဲဖြစ်ပွားနေ၍ အမှတ် ၂ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားကို ပိတ်ထားပြီး ထိုင်းစစ်တပ်က စစ်ရေး အသင့်ပြင်ထား

Must read

ရန်ကုန်၊ ဧပြီ ၂၀

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ အမှတ် ၂ ချစ်ကြည်ရေးတံတားဝင်းအတွင်း ပုန်းအောင်းနေသော စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် အမှတ် ၂ ချစ်ကြည်ရေးတံတားကို ထိုင်းဘက်အခြမ်းက ပိတ်ထားပြီး ထိုင်းစစ်တပ်ကလည်း စစ်ရေး အဆင်သင့် ပြင်ဆင်ထားကြောင်း ထိုင်သတင်းဌာနများက သတင်းဖော်ပြသည်။

ယမန်နေ့ ဧပြီလ ၁၉ ရက်နေ့ ညပိုင်းမှစတင်ပြီး ယနေ့ ဧပြီလ ၂၀ ရက်နေ့အထိ အမှတ် ၂ ချစ်ကြည်ရေးတံတားအနီးတွင် တစ်ညလုံး၊ တစ်မနက်လုံး လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံများကြားနေရကြောင်း၊ တော်လှန် ရေးတပ်များက ဒရုန်းများ၊ ၄၀ မမ၊ ၆၀ မမ များဖြင့် ပစ်ခတ်ခြင်း၊ စစ်ကောင်စီတပ်များကလည်း တံတားဝင်းအတွင်းမှ ခုခံ ပစ်ခတ်ခြင်းတို့ကြောင့် တိုက်ပွဲ ပြင်းထန်နေကြောင်း၊ ထို့ကြောင့် ထိုင်းဘက်အခြမ်းက အမှတ် ၂ ချစ်ကြည်ရေးတံတားကို ပိတ်ထားပြီး ထိုင်းစစ်တပ်ကလည်း အမှတ် ၂ တံတားဘက်တွင် အင်အားတိုးမြှင့် ချထားကြောင်း သိရှိရသည်။

လတ်တလော မြန်မာဘက်အခြမ်း အမှတ် ၂ တံတားအနီးရှိ ပတ်ဝန်းကျင်ကျေးရွာများမှ ပြည်သူများ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာနေကြကြောင်း၊ စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးလာကျဲမည်ကို မြ၀တီမြို့မှ ပြည်သူများ စိုးရိမ်နေကြ၍ အထုပ်ပြင် တိမ်းရှောင်လည်း ပြင်ဆင်နေကြကြောင်း သိရှိရသည်။

“တစ်ညလုံး တိုက်ပွဲဖြစ်နေတာ။ မြို့ထဲဘက်ကူးလာမလားလို့ စိုးရိမ်တယ်။ ကြောက်တာက လေယာဉ်နဲ့ ဗုံးလာကျဲမှာကိုပဲ။ မဲဆောက်ဘက်အခြမ်းကိုတော့ ကူးဖို့ ပြင်ထားတယ်” ဟု မြ၀တီမြို့မှ ငွေလဲအေးဂျင့်တစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ – ယနေ့ နံနက်ပိုင်း အမှတ် ၂ ချစ်ကြည်ရေးတံတား ထိုင်းဘက်အခြမ်းတွင် ထိုင်းစစ်တပ်က စစ်ရေး ပြင်ဆင်ထားစဉ်။

Photo – ထိုင်းသတင်းမီဒီယာများ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #အမှတ် ၂ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား #ထိုင်းစစ်တပ်က စစ်ရေး အသင့်ပြင်ထား

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article