39 C
Yangon

နတ်တလင်းမြို့နယ်တွင် စစ်ဗိုလ် ၁ ဦးကို ဆိုင်ကယ်ဖြင့် လိုက်ပို့သော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်

Must read

နတ်တလင်းမြို့နယ်တွင် စစ်ဗိုလ် ၁ ဦးကို ဆိုင်ကယ်ဖြင့် လိုက်ပို့သော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်

ရန်ကုန်၊ ဧပြီ ၂၀

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် စစ်ဗိုလ် ၁ ဦးကို ဆိုင်ကယ်ဖြင့် လိုက်ပို့သော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း Phoenix-D-F – နတ်တလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဧပြီလ ၁၈ ရက် ညနေ ၂ နာရီ မိနစ် ၅၀ အချိန်ခန့်က နတ်တလင်းမြို့နယ်၊ ပျဉ်ပုံရွာမှ စစ် ဗိုလ် တစ်ဦးကို မကျီးပင်ရွာအောင်သုခသို့ လိုက်ပို့ပြီးပြန်လာသော အကြမ်းဖက် စစ်သား ၉ ဦး စီးနင်း လိုက်ပါလာသည့် ဆိုင်ကယ် ၃ စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သားများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“၃ ယောက် တစ်စီး စီးလာတာ။ သူတို့ ဆိုင်ကယ်နဲ့ မလှမ်းမကမ်းမှာ ပြည်သူဆိုင်ကယ်တစ်စီးက ကပ်လိုက်လာလို့ မရောက်ခင်ဆွဲလိုက်ရတာ။ အဲလိုကြိုဆွဲလိုက်ရလို့ ထိရောက်မှုတော့ သိပ်မရှိဘူး လို့ပြောတာပဲ။ အဲဒီခွေးတွေက ပျဉ်ပုံရွာကနေ မကျည်းပင်အောင်သုခကို သွားတာ ပျဉ်ပုံရွာက ပျူရွာ လိုဖြစ်နေတာ၊ မကျည်းပင်ရွာမှာက ရဲစခန်းရှိတယ်။ ဗိုလ်ကိုလိုက်ပို့ပြီးတော့ အပြန်မှာ လမ်းမှာဆွဲ လိုက်တာ” ဟု Phoenix-D-F – နတ်တလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင်၊ အမှတ် ၁ တပ်ရင်း – ၃၈ဝ၁ တပ်ခွဲ ၂ PHOENIX D F ရဲဘော်များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မိဘပြည်သူများ အနေဖြင့် အကြိမ်ကြိမ် အသိပေး ထုတ်ပြန်ခဲ့ပြီးဖြစ်သည့် အကြမ်းဖက်စစ်သားများအတူ သွားလာခြင်း၊ အကြမ်းဖက်စစ်သားများ၏ ယာဉ်များနောက် ကပ်လိုက်ခြင်း တို့ မပြုလုပ်ကြရန် ထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #နတ်တလင်းမြို့နယ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article