28 C
Yangon

ရေတာရှည်မြို့နယ်၊ ဆွာရွာမကြီးကျေးရွာ အနီးတွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၅၀ ဦးခန့် သေဆုံးကာ တော်လှန်ရေး ရဲဘော် ၄ ဦးကျဆုံး၊ စစ်သား အလောင်းများကို ဖောကားဖြင့် သယ်ဆောင်သွား

Must read

ရေတာရှည်မြို့နယ်၊ ဆွာရွာမကြီးကျေးရွာ အနီးတွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၅၀ ဦးခန့် သေဆုံးကာ တော်လှန်ရေး ရဲဘော် ၄ ဦးကျဆုံး၊ စစ်သား အလောင်းများကို ဖောကားဖြင့် သယ်ဆောင်သွား

ရန်ကုန်၊ ဧပြီ ၂၀

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ဆွာရွာမကြီးကျေးရွာအနီးတွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ် ဘက်မှ ၅၀ ဦးခန့် သေဆုံးကာ တော်လှန်ရေး ရဲဘော် ၄ ဦးကျဆုံးခဲ့ကြောင်း ပုဝါနီစစ်ကြောင်းထံမှ သိရသည်။

ဧပြီလ ၁၇ ရက်နေ့ နံနက် ၅ နာရီ ၄၅ မိနစ်ခန့်မှ စတင်၍ ရေတာရှည်မြို့နယ်၊ မြောင်းတူးကျေးရွာမှ ဆွာရွာမကြီးကျေးရွာနှင့် ကျိတ်ပုတီး၊ ခင်တန်းကျေးရွာ ဘက်သို့ စစ်ကြောင်းထိုး ၀င်ရောက်လာသော အင်အား ၁၅၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ ညနေ ၃ နာရီ ခွဲဝန်းကျင်အထိ တိုက်ပွဲ ၁ ကြိမ်၊ ည ၆ နာရီခွဲ မှ ၇ နာရီ အထိ တိုက်ပွဲ ၁ ကြိမ် ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီဘက်မှ ၃၀ ကျော်သေဆုံးပြီး အများအပြား ဒဏ်ရာရရှိကာ သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများကို ဖောကား စီးဖြင့် သယ်ဆောင်သွားကြောင်း၊ ထို့ပြင် ညပိုင်းတိုက်ပွဲအတွင်း သေဆုံးသွားသော အကြမ်းဖက်စစ်သားများကို ဖောကားတစ်စီးဖြင့် သယ် ဆောင်သွားသည့်အပြင် အလောင်းအချို့ကို စစ်တောင်းမြစ် အရှေ့ ဘက်ကမ်း၌ မြေမြှုပ်သဂြိုလ် ထားခဲ့ကြောင်း၊ တိုက်ပွဲ ၂ ကြိမ်အတွင်း စုစုပေါင်း စစ်သား ၅၀ ခန့်သေဆုံးသွားကြောင်း သိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားခြင်းကြောင့် Jet Fighter ဖြင့် ၃ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့သည့်အပြင် လက်နက်ကြီး၊ ဒရုန်းများဖြင့် တနေကုန်နီးပါး ပစ်ခတ်ခဲ့မှုကြောင့် ပြည်သူပိုင် နေအိမ်များ ထိခိုက် ပျက် စီးမှုရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပုဝါနီစစ်ကြောင်း၊ ကီးကူစစ်ကြောင်း၊ နေပြည်တော် စစ်ကြောင်းနှင့် ၃၅၀၁ တပ်ခွဲ ၃ ၊ တပ်ခွဲ ၄ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး ပုဝါနီစစ်ကြောင်းမှ ရဲဘော်ရဲရင့်သူ၊ ကီးကူ စစ်ကြောင်းမှ ရဲဘော်ဆိုလာ နေပြည်တော် တပ်ရင်း ၉၀၁ မှ ရဲဘော်သရဲ နှင့် နေပြည်တော် တပ်ရင်း ၉၀၁ မှ တပ်ခွဲမှူးတို့ တိုင်းပြည်နှင့် ဖက်ဒရယ်ပြည် ထောင် စု အတွက် အသက်ပေးလှူခဲ့ရကြောင်း၊ ထို့ပြင် တော်လှန်ရေး ရဲဘော် ၈ ဦးလည်း ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရ သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ရေတာရှည်မြို့နယ် #ဆွာရွာမကြီးကျေးရွာ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article