26 C
Yangon

ရွာငံမြို့နယ်၊ မြင်းကျဒိုး ရဲစခန်းကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးပြီး ဒုတပ်ကြပ် ၁ ဦး အရှင်ဖမ်းမိ၊ လက်နက် ၂ လက်သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဧပြီ ၂၁

ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်၊ မြင်းကျဒိုး ရဲစခန်းကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးပြီး ဒုတပ်ကြပ် ၁ ဦး အရှင်ဖမ်းမိကာ လက်နက် ၂ လက်သိမ်းဆည်းရရှိခဲ့ကြောင်း Ywangan PDF – JPRF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၂၁ ရက် နံနက် ၁၀ နာရီဝန်းကျင်ခန့်က ရွာငံမြို့နယ်၊ မြင်းကျဒိုးရဲစခန်းကို Ywangan PDF – JPRF တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦး ထက် မနည်း သေဆုံးပြီး ဒု-တပ်ကြပ် ၁ ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။

ထို့ပြင် AK-47 သေနတ် ၁ လက်၊ ရိုင်ဖယ် သေနတ် ၁ လက်နှင့် ကျည်ဆံ အတောင့် ၃၀၀ တို့ကို သိမ်းဆည်းရရှိခဲ့ပြီး Ywangan PDF – JPRF မှ ရဲဘော် ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

“ရွာငံ-မန္တလေး အဝေးပြေး လမ်းပိုင်းမှာရှိတဲ့ မြင်းကျဒိုး ရဲစခန်းကို ဒီနေ့ နံနက်ပိုင်း ၁၀ နာရီဝန်းကျင်ခန့်က ကျွန်တော်တို့ Ywangan PDF – JPRF က ဝင်ရောက် တိုက်ခိုက်ခဲ့တာ စစ်ခွေး ၃ ဦးထက်မနည်း ရှင်းလင်းနိုင်ခဲ့တယ်။ ဒုတပ်ကြပ် ၁ ကောင်ကတော့ အရှင်ဖမ်းမိတယ်။ ကျွန်တော်တို့ဘက်က ရဲဘော် ၁ ဦးလည်း ဒဏ်ရာရခဲ့တယ်” ဟု Ywangan PDF – JPRF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် ကျုံးစစ်ဆေးရေးဂိတ်မှ အကြမ်းဖက် စစ်သားများက ခရီးသွား ပြည်သူများကို ကားပေါ်မှ အကုန် ဆင်းခိုင်းကာ ဖုန်းများကို စစ်ဆေး ရှာဖွေမှုပြုလုပ်ခဲ့‌ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article