36 C
Yangon

ကောလင်းမြို့အနီးတွင် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သား ၈ ဦးသေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၂၂

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့အနီး၌ တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သား ၈ ဦးသေဆုံးခဲ့ကြောင်း ကောလင်းခရိုင် အမှတ် ၁ တပ်ရင်း နှင့် ကောလင်းဒေသသတင်းရင်းမြစ်တို့ထံမှ သိရသည်။

ယမန်နေ့ ဧပြီလ ၂၁ ရက် နံနက်ပိုင်းမှစတင်၍ ညနေပိုင်းအထိ ကောလင်းမြို့အရှေ့ဘက် တဇူးကျေးရွာ ဘက်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်သားများကို တော်လှန်ရေးတပ်ဖွဲ့များက တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားအများအပြား ထိခိုက်ဒဏ်ရာရရှိပြီး ကောလင်းမြို့တွင်းသို့ ပြန်ဆုတ် ပြေးသွားကြောင်း သိရသည်။

“ကောလင်းနဲ့မြို့အထွက်နားလေးပဲ၊ လက်နက်ကြီးထုသံတွေလည်းကြားရတယ်။ တစ်နေကုန်နီးပါပဲ မနက်ကတည်းက ဖြစ်နေတာ။ ထိခိုက်ကျဆုံးမှုကတော့ မသိရဘူး၊ ဝန်းသိုဘက်ကနေ ဟောင်ဝှစ် ဇာလက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိတယ်” ဟု ကောလင်းဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ် သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

အကြမ်းဖက်စစ်သားများ ပြန်လည်ဆုတ်ခွာသွားပြီးနောက် တော်လှန်ရေးတပ် ဖွဲ့များက နယ်မြေ ရှင်းလင်းရေး လုပ်ဆောင်စဉ် အကြမ်းဖက်စစ်သား ၈ ဦး၏ အလောင်းများကို ကနဦး တွေ့ထားပြီးနောက်ဆက်တွဲ သတင်းကို ဆက်လက်ဖော်ပြသွားမည်ဖြစ်ကြောင်း ကောလင်း ခရိုင်အမှတ် ၁ တပ်ရင်းက ထုတ်ပြန်ပြောဆိုထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ကောလင်းမြို့

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article