25 C
Yangon

ဖားကန့်မြို့နယ်ရှိ ဆယ်ဇင်း စစ်စခန်းကို KIA ပူးပေါင်း တပ်များက အပြင်းအထန် ထိုးစစ်ဆင် နေပြီး စစ်တပ်က လေကြောင်းဖြင့် ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်

Must read

ရန်ကုန်၊ ဧပြီ ၂၂

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ဆယ်ဇင်း စစ်စခန်းကို KIA ပူးပေါင်း တပ်များက အပြင်းအထန် ထိုးစစ်ဆင် နေပြီး စစ်တပ်က လေကြောင်းဖြင့် ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၉ ရက်နေ့က စတင်ကာ ဆယ်ဇင်း ရဲစခန်းနှင့် ဆယ်ဇင်း စစ်စခန်း ကို KIA ပူးပေါင်းတပ်များက တပြိုင်နက် တိုက်ခိုက်ခဲ့ပြီး ဆယ်ဇင်းရွာ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ၂၃ ဦး အလံဖြူထောင်၍ လက်နက်ချခဲ့ပြီနောက် ယင်းနေ့ ညနေပိုင်းတွင် ရဲစခန်းကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ဆယ်ဇင်း စစ်စခန်းကို သိမ်းပိုက်နိုင်ရန် KIA ပူးပေါင်း တပ်ဖွဲ့များက ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။

ထို့သို့ တိုက်ပွဲများ ဖြစ်ပွားနေစဉ် အကြမ်းဖက် စစ်တပ်က ဆယ်ဇင်းကျေးရွာ အနီး တဝှိုက်ကို ဧပြီလ ၂၀ ရက်နေ့နှင့် ၂၁ ရက်နေ့တို့တွင် လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဧပြီ ၂၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် Y 12 လေယာဉ် ဖြင့် ဆယ်ဇင်းရွာ အနီး တဝှိုက် ကို ဗုံး ၂ လုံး လာရောက် ကျဲချခဲ့ကြောင်း၊ ယင်းနေ့ မွန်းလွဲ ၂ နာရီခန့်တွင်လည်း Y12 လေယာဉ် ၂ စီး ဖြင့် ဗုံး ၅ လုံး ထပ်မံ လာရောက် ကျဲချ သွားကြောင်းသိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ထိခိုက် ဒဏ်ရာရရှိမှု အခြေအနေကို မသိရှိရသေးဘဲ လေကြောင်း တိုက်ခိုက်မှုကြောင့် ဗုံးကျရောက်ပေါက်ကွဲသံများကို ဆယ်ဇင်းရွာနှင့် ၂၈ မိုင်ဝေးသော တာမခံရွာမှပင် ကြားရကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

အဆိုပါ ဆယ်ဇင်းရွာနှင့် ၂၈ မိုင်ဝေးသော တာမခံ ကျေးရွာကိုလည်း KIA၊ KPDF ပူးပေါင်းတပ်များက မတ်လအတွင်း သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article