25 C
Yangon

ဒရုန်းဖြင့် တိုက်ခိုက်ခံရသည့် ဒဏ်ရာမှ သက်သာနေပြီဖြစ်သော ဒုစစ်ခေါင်းဆောင် စိုးဝင်း စစ်ကောင်စီအစည်းအဝေး မတက်သည့်အပြင် နေပြည်တော်တွင်လည်း ရှိမနေ

Must read

ရန်ကုန်၊ ဧပြီ ၂၃

မွန်ပြည်နယ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင် ဒရုန်းဖြင့် တိုက်ခိုက်ခံရသည့် ဒဏ်ရာမှ သက်သာနေပြီဖြစ်သော ဒုစစ်ခေါင်း ဆောင် စိုးဝင်းသည် ဧပြီလ ၂၂ ရက်နေ့ ပြုလုပ်သည့် နေပြည်တော် စစ်ကောင်စီအစည်းအဝေး တက်ရောက်ခြင်းမရှိဘဲ နေပြည်တော်တွင်လည်း ရှိမနေကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက ၎င်းဖွဲ့စည်းထားသော အစိုးရအမည်ခံ အစည်းအဝေး(၄/၂၀၂၄)ကို ဧပြီလ ၂၂ ရက်နေ့ နေပြည် တော်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေးတွင် ဒုစစ်ခေါင်းဆောင် စိုးဝင်း တက်ရောက်ခဲ့ခြင်းမရှိကြောင်း၊ ထို့ပြင် ဒုစစ်ခေါင်းဆောင် စိုးဝင်းမှာ နေပြည်တော်တွင်လည်း ရှိမနေကြောင်း သိရှိရသည်။

“ဒဏ်ရာတွေကလည်း သက်သာနေပြီ။ အဲဒါ မနေ့က Cabinet အစည်းအဝေး တက်မယ်လို့ ကျနော်တို့ သတင်းရထားတာ။ အခု နေပြည်တော်မှာလည်း ရှိမနေပြန်ဘူး။ သူ လူမြင်ကွင်းက ပျောက်ကွယ်နေတာ ဒဏ်ရာရထားတဲ့ကိစ္စအပြင် ဦးမြင့်လှိုင်၊ ဒုဗိုလ်ချုပ်ကြီးညိုစောနဲ့ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးအောင်စိုးတို့ အဖမ်းထားရတဲ့ကိစ္စနဲ့ဆက်စပ်မလား စဉ်းစားစရာတော့ဖြစ်လာတယ်။ ဆန်းတော့ ဆန်းတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ပြောခွင့်ရ အကြမ်းဖက် ဇော်မင်းထွန်းက ဒုစစ်ခေါင်းဆောင် စိုးဝင်းသည် ဒဏ်ရာ ရရှိခြင်းမရှိသကဲ့သို့ ပုံမှန်အတိုင်း ရာထူးတာဝန်များ ထမ်းဆောင်နေကြောင်း၊ ဒုစစ်ခေါင်းဆောင် စိုးဝင်းနှင့်ပတ်သက်သော သတင်းများမှာ ကောလာဟလများသာဖြစ်ကြောင်း မကြာခဏဆိုသလို ထုတ်ဖော်ပြောဆိုခဲ့သော်လည်း လက်တွေ့တွင်မူ ဒုစစ်ခေါင်းဆောင် စိုးဝင်းသည် စစ်ကောင်စီအစည်းအဝေးသို့ တက်ရောက်လာခြင်းမရှိသည်ကို တွေ့ရသည်။

လယ်/ဆည်ဝန်ကြီးဟောင်း ဦးမြင့်လှိုင်၊ ဒုတိယဗိုလ်ချုပ်ကြီးညိုစော၊ ကြံ့ဖွတ်ပါတီ၏ ဗဟိုအလုပ်အမှုဆောင် ဒုတိယဗိုလ် ချုပ်ကြီးဟောင်း အောင်စိုးတို့ကို မင်းအောင်လှိုင်ကို ဖယ်ရှားရန် ကြံစည်မှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက ယခုဧပြီလလယ်ပိုင်းတွင် ဖမ်းဆီး စစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိသည်။

စစ်တပ်ထောက်ခံသော မဘသများ၊ အမျိုးသားရေးအစွန်းရောက်သမားများက မင်းအောင်လှိုင်ကို အရပ်ဘက်ဝန်ကြီးချုပ် ရာထူးသာ ယူပြီး တပ်ချုပ်ရာထူးကို စိုးဝင်းဖြင့် အစားထိုးရန် တောင်းဆိုမှုများ ဖြစ်ပေါ်ခဲ့ရာ ယင်းတောင်းဆိုမှုများသည် ယခင် ထိပ်တန်းစစ်ဗိုလ်ချုပ်ဟောင်းများအတွင်းမှ ပေါ်ထွက်သော ကြံစည်မှုအဖြစ် မင်းအောင်လှိုင်ဘက်က ယူဆထားကြောင်း နေပြည်တော်ဘစစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။

ဒုစစ်ခေါင်းဆောင် စိုးဝင်းသည် ဧပြီလ ၃ ရက်နေ့ ဗထူးတပ်နယ်သို့သွားရောက်ခဲ့သည့် ခရီးစဉ်မှစ တင်၍ လူမြင်ကွင်းမှ လုံး၀ ပျောက်ကွယ်သွားခဲ့ပြီး ဧပြီလ ၉ ရက်နေ့နှင့် ဧပြီလ ၁၀ ရက်နေ့ မော်လမြိုင်ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင် ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် ပခုံး၊ လက်နှင့် အရိုးအကြောဆိုင်ရာ ဒဏ်ရာများရရှိခဲ့ကြောင်း၊ ယင်းနောက် ဆေးကုသမှု ခံယူခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ – ဒုစစ်ခေါင်းဆောင် စိုးဝင်းမတက်သည့် ဧပြီလ ၂၂ ရက်နေ့ စစ်ကောင်စီ အစည်းအဝေး။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ဒုစစ်ခေါင်းဆောင် စိုးဝင်း #နေပြည်တော်တွင်လည်း ရှိမနေ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article