28 C
Yangon

ထိုင်းနိုင်ငံ၊ တာ့ခရိုင်သို့ ထွက်ပြေးတိမ်းရှောင်နေသော စစ်ဘေးရှောင် ဒုက္ခ သည် အများစု မြ၀တီသို့ ပြန်ကြပြီး အတင်းအကျပ် ပြန်ပို့ခံရသူတချို့လည်းရှိ

Must read

ထိုင်း-မြန်မာနယ်စပ်သို့ ထိုင်းဒုဝန်ကြီးချုပ် လာရောက်မည့် ယနေ့ နံနက်ပိုင်း မြ၀တီဘက်တွင် ပစ်ခတ်သံများ ဆက်တိုက်ထွက်ပေါ်နေ

ရန်ကုန်၊ ဧပြီ ၂၃

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် ဖြစ်ပွားသော တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံ၊ တာ့ခရိုင်သို့ ထွက်ပြေးတိမ်းရှောင်နေကြသော စစ်ဘေးရှောင် ဒုက္ခသည်အများစု နေရပ်ပြန်နေကြပြီး တချို့သော စစ်ဘေးရှောင်ဒုက္ခသည်များမှာ ထိုင်းဘက်က အတင်းအကျပ် ပြန်လည်ပို့ဆောင်ခဲ့ကြောင်း စစ်ဘေးရှောင်ဒုက္ခသည်တချို့နှင့် ကူညီရေးလုပ်ဆောင်နေသူတချို့က ပြောဆိုသည်။

ဧပြီလ ၂၂ ရက်နေ့ နံနက်ပိုင်းမှစတင်ပြီး ထိုင်းဘက်အခြမ်းတွင် ရောက်ရှိနေသော စစ်ဘေးရှောင် ပြည်သူအများစုမှာ မြ၀တီသို့ ပြန်လည် ထွက်ခွာနေကြကြောင်း၊ စစ်ဘေးရှောင် စခန်းတချို့ကို ထိုင်းဘက်က ပြန်လည် ရုပ်သိမ်းလိုက်ပြီး ဆက်လက် နေထိုင်လိုသော စစ်ဘေးရှောင်တချို့ကိုလည်း မြ၀တီဘက်သို့ ပြန်လည်ကူးသွားရန် ကားဖြင့် တင်ဆောင်ပို့ဆောင်မှုများရှိ ကြောင်း သိရှိရသည်။

“ကျနော်တို့ နေတဲ့ စစ်ဘေးရှောင်စခန်းက လူတွေကို ၁၈ ဂိတ်ကို ပို့ပေးတယ်။ ပထမတော့ စစ်ဘေးရှောင်တွေထဲကပြီး စပြန်တာပါ။ ထိုင်းဘက်က အတင်းအကျပ် ပြန်ပို့တာမဟုတ်ဘူး။ ဒါပေမယ့် ပြန်တဲ့သူများလာတဲ့အခါကျတော့ နေချင်တဲ့သူတွေကိုပါ ကားပေါ် တက်ခိုင်းပြီး ၁၈ ဂိတ်ကို ပို့လိုက်တာ။ ကျနော်တို့ကို ထားတဲ့ ဘုန်းကြီးကျောင်းမှာ အခု စစ်ဘေးရှောင် မရှိတော့ဘူး။ စခန်း ပိတ်လိုက်​ပြီဆိုပြီး ကားတွေနဲ့ တစ်ခါတည်း တင်သွားတာ” ဟု စစ်ဘေးရှောင် ပြည်သူတစ်ဦးက ပြောဆိုသည်။

ယမန်နေ့ ဧပြီလ ၂၂ ရက်နေ့ တစ်ရက်တည်းတွင်ပင် မြ၀တီဘက်သို့ ပြန်လည်ထွက်ခွာသွားကြသည့် စစ်ဘေးရှောင် ပြည်သူ ၂၀၀၀ ကျော်ရှိပြီး စစ်ဘေးရှောင် ပြည်သူ ၉၀၀ ကျော်ဝန်းကျင်သာ ထိုင်းဘက်အခြမ်းတွင် ကျန်ရှိနေကြောင်း၊ ယင်းစစ်ဘေးရှောင် ပြည်သူများမှာလည်း လာမည့်ရက်ပိုင်းအတွင်း မြန်မာဘက်သို့ ပြန်ကြဖွယ်ရှိကြောင်း သိရှိရသည်။

“ဒီမှာနေရတာက နေရေးက အဆင်မပြေဘူး။ အိမ်သာကအစ အတော်ကို ခက်ခဲတယ်။ စားစရာနဲ့ ရေတော့ ထိုင်းဘက်က လာပေးကြပါတယ်။ ဟိုဘက်မှာ တိုက်ပွဲဖြစ်သံမကြားရင်တော့ ဒီနေ့ တော်တော်များများ ပြန်ကြမယ်ပြောတယ်” ဟု ထိုင်းနိုင်ငံ၊ မဲဆောက် နွားခြံတွင် ခိုလှုံနေသည့် စစ်ဘေးရှောင် ပြည်သူ တစ်ဦးက ပြောဆိုသည်။

လတ်တလော ယနေ့ ဧပြီလ ၂၃ ရက်နေ့ နံနက်ပိုင်း မြ၀တီဘက်အခြမ်းတွင် ပစ်ခတ်သံများ ထွက်ပေါ်လာကြောင်း၊ ယနေ့နံနက် ၆ နာရီ ၃၀ မိနစ်ဝန်းကျင်အချိန်တွင် ပစ်ခတ်သံများ ဆက်တိုက်ကြားရကြောင်း၊ ယနေ့ တွင် ထိုင်းဝန်ကြီးချုပ် Srettha Thavisin ကိုယ်စား ထိုင်းဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ထိုင်း-မြန်မာ နယ်စပ် အခြေအနေများကို ထပ်မံလာရောက်စစ်ဆေးရန် ရှိနေကြောင်း သိရှိရသည်။

“မနက် ၆ နာရီခွဲလောက်မှာ ပစ်ခတ်သံတွေ ဆက်တိုက်ကြားရတယ်။ ဘယ်မှာ ပစ်နေကြတာလဲတော့မသိဘူး။ မြေနီကုန်းဘက်အခြမ်းက ကြားရတာဆိုတော့ မြ၀တီမြို့နဲ့ အရမ်းနီးတယ်။ အချက် ၂၀ ကျော်နေပြီး တဒိုင်းဒိုင်းတအုန်းအုန်းနဲ့ ပစ်နေကြတာ” ဟု မြ၀တီမြို့မှ စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ထိုင်းနိုင်ငံ၊ တာ့ခရိုင် #စစ်ဘေးရှောင် ဒုက္ခ သည် အများစု #မြ၀တီသို့ ပြန်ကြ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article