30 C
Yangon

မင်းအောင်လှိုင်မိန်းမ ကြူကြူလှ၊ သားသမီးနှင့်မြေးများ ပြင်ဦးလွင်တပ်နယ် သင်္ကြန်မဏ္ဍပ်များ လည်ပတ်ချိန် ဗိုလ်ချုပ်ကတော်များက အောက် ခြေသိမ်းလုပ်ကိုင်ပေးရပြီး ယတြာ စံပယ်ကုန်းများကို အရာရှိကတော်များက သီကုံးပေးခဲ့ရ

Must read

ရန်ကုန်၊ ဧပြီ ၂၃

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ မိန်းမ ကြူကြူလှ၊ သားသမီးနှင့်မြေးများ သင်္ကြန်အတက်နေ့ ပြင်ဦးလွင်ရှိ စစ်တပ် သင်္ကြန်မဏ္ဍပ်များသို့ လည်ပတ်ချိန်တွင် ဗိုလ်ချုပ်၊ တပ်မမှူးနှင့် ဗျူဟာမှူး ကတော်များက မင်းအောင်လှိုင်မိသားစုအတွက် အောက်ခြေသိမ်းအလုပ်များ လုပ်ကိုင်ပေးခဲ့ရကြောင်း ပြင်ဦးလွင်ရှိ တပ်မတော်သိပ္ပံနှင့် သုတေသနနည်းပညာဌာနချုပ် (သသနတပ်)မှ စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

ဧပြီလ ၁၆ ရက်နေ့ သင်္ကြန်အတက်နေ့ မင်းအောင်လှိုင်မပါဘဲ ၎င်း၏ မိန်းမ ကြူကြူလှ၊ သားသမီးနှင့်မြေးများက ပြင်ဦးလွင် တပ်နယ်ရှိ စစ်တပ်သင်္ကြန်မဏ္ဍပ်များသို့ လည်ပတ်ရာ ဗိုလ်ချုပ်၊ တပ်မမှူး ဗိုလ်မှူးချုပ်နှင့် ဗျူဟာမှူး ဗိုလ်မှူးကြီး ကတော်များက ကြူကြူလှ၊ သားသမီးနှင့်မြေးများ လည်ပတ်ရာ မဏ္ဍပ်တိုင်းသို့ လိုက်လံ၍ အောက်ခြေသိမ်း လုပ်ကိုင်ပြုစုပေးရကြောင်း ၊ ကြူကြူလှ မဏ္ဍပ်ထိုင်နေချိန် ထမင်းစားချိန်၊ ရေလောင်းချိန်တို့တွင် ယပ်ခတ်ပေးရခြင်း၊ ထမင်းခူးကျွေးရခြင်း၊ ရေခွက်ကိုင် ၍ နောက်မှ လိုက်ရခြင်းများ စသည့် အောက်ခြေသိမ်းအလုပ်များကို လုပ်ကိုင်ပေးခဲ့ရကြောင်း သိရှိရသည်။

ပြင်ဦးလွင်ရှိ တပ်မတော်သိပ္ပံနှင့် သုတေသနနည်းပညာဌာနချုပ် (သသနတပ်)မှ ဗိုလ်ချုပ်စိုးမြင့်မောင်၏ မိန်းမ သီင်္ဂိတင်က အခြားဗိုလ်မှူးချုပ်နှင့် ဗိုလ်မှူးကြီးများ၏ မိန်းမများကို ဦးဆောင်၍ ကြူကြူလှ၏ ဝေယျာ၀စ္စများကို လုပ်ကိုင်ပေးရကြောင်း၊ ထိပ်ပိုင်း ဗိုလ်ချုပ်မိန်းမများသည် တောက်ပြောင်စွာဝတ်စားဆင်ယင်ခြင်းနှင့် လက်ဝတ်ရတနာများ ဝတ်စားခြင်းမပြုကြဘဲ ကြူကြူလှအတွက် အခိုင်းအဝေများသဖွယ် ဆောင်ရွက်ပေးခဲ့ရကြောင်း သိရှိရသည်။

“တပ်ချုပ်ဇနီးရဲ့ ဝေယျာ၀စ္စတင်မဟုတ်ဘူး။ ယတြာအတွက်လည်း စံပယ်ပန်း သီပေးခဲ့ရတယ်။ ယတြာအရ စံပယ်ကုန်း တစ်ကုန်းမှာ စံပယ်အပွင့်အသေး ၅၆၀ သီဖို့ ညွှန်ကြားလို့ ပြင်ဦးလွင်တပ်နယ်မှာရှိတဲ့ အရာရှိကြီး၊ အရာရှိငယ် ကတော်တွေ အား လုံး စံပယ်ပန်းတွေ ၀ိုင်းရှာရတယ်။ အဲဒါ စံပယ်ပန်းကုံးတွေမှာ တစ်ကုံးကို စံပယ်ပွင့် ၅၆၀ သီကြရတယ်။ အဲဒါအပြင် တပ်ချုပ်ဇနီး မဏ္ဍပ်မှာ ထိုင်နေချိန် ယပ်ခတ်ပေးရတယ်၊ ထမင်းစားချိန် ယပ်ခတ်ပေးရတယ်။ ရေလောင်းနေတဲ့အချိန်မှာ နောက်ကနေ ဖလားကိုင်ပြီး ရေအဆင့်သင့်လောင်းနိုင်ဖို့ လိုက်ပေးရတယ်။ အဲဒါ အရာရှိကြီးငယ် ကတော်အားလုံး လုပ်ပေးရတာ” ဟု ပြင်ဦးလွင်ရှိ တပ်မတော်သိပ္ပံနှင့် သုတေသနနည်းပညာဌာနချုပ် (သသနတပ်)မှ စစ်ဘက်သတင်းရင်းမြစ်က ရှင်းပြသည်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်မှာမူ ဧပြီလ ၁၄ ရက်နေ့ ညပိုင်း ပြင်ဦးလွင် တစ်မြို့လုံးကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခံရသည့်အတွက် ပြင်ဦးလွင် တပ်နယ်သင်္ကြန်မဏ္ဍပ်များ လည်ပတ်မည့် အစီအစဉ်ကို ဖျက်သိမ်းခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ – ကြူကြူလှအတွက် အောက်ခြေသိမ်းလုပ်ကိုင်ပေးရသူ ပြင်ဦးလွင် သသနတပ်မှ ဗိုလ်ချုပ်စိုးမြင့်မောင်၏ မိန်းမ သီင်္ဂိတင်(ဝဲဘက်အစွန်ဆုံး)နှင့် ဗိုလ်မှူးကြီး ကတော်များ (ညာဘက်အစွန်ဆုံး) ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #မင်းအောင်လှိုင်မိန်းမ ကြူကြူလှ #ပြင်ဦးလွင်တပ်နယ် သင်္ကြန်မဏ္ဍပ်များ #ဗိုလ်ချုပ်ကတော်များက အောက် ခြေသိမ်းလုပ်ကိုင်ပေးရ

ကြူကြူလှအတွက် အောက်ခြေသိမ်းလုပ်ကိုင်ပေးရသူ ပြင်ဦးလွင် သသနတပ်မှ ဗိုလ်ချုပ်စိုးမြင့်မောင်၏ မိန်းမ သီင်္ဂိတင်(ဝဲဘက်အစွန်ဆုံး)နှင့် ဗိုလ်မှူးကြီး ကတော်များ (ညာဘက်အစွန်ဆုံး) ။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article