31 C
Yangon

ဘုတလင်မြို့ပေါ်မှ ညောင်ပင်ကန်ရွာသို့ မိုင်းရှင်းလာသော စစ်တပ်ကို တိုက် ခိုက်မှု စစ်သား ၁၂ ဦး ထိခိုက်ဒဏ်ရာရ၊ ရွှေဘိုမြို့ နယ်၊ ချီပါရွာတံတားထိပ်တွင် တိုက်ပွဲဖြစ်

Must read

ရန်ကုန်၊ ဧပြီ ၂၃

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်မှ ညောင်ပင်ကန်ရွာသို့ မိုင်းရှင်းလာသော အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ၅ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးမြို့နယ် ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၂ ရက်နေ့ နံနက် ၇ နာရီခွဲအချိန် လမ်းရှင်းရန်လာသည့် အကြမ်းဖက်စစ်သားများကို မိုင်း၂ လုံး ဆွဲခဲ့ပြီး ၄၀ မမ အဖူး ၁၇လုံး၊ ၆၀ မမ ၁၀ ဖူး၊ ၈၀ မမ ၁၅ ဖူး လက်လုပ်များဖြင့် ပစ်သွင်းတိုက်ခိုက်ခဲ့ကြောင်း ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးမြို့နယ် ပကဖ က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

“သေ မသေ မသိရဘူး။ ကျွန်တော်တို့က ဆေးရုံက ချိတ်ပိတ်ပြီးပြီဆိုတော့ အရင်လို သေစာရင်းမရနိုင်တော့ဘူး။ တိုက်ပွဲအတွင်းမြင်တာနဲ့ ထိခိုက်သတင်းပဲ ရတော့တယ်”ဟု ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးမြို့နယ် ပကဖ က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်သားများဘက်က လက်နက်ငယ်များဖြင့်ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ဘေးကင်းသွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး စစ်သားများမှာ လမ်းမရှင်းနိုင်ဘဲ ပြန်ဆုတ်သွားကြောင်း သိရှိရသည်။

အဆိုပါတိုက်ခိုက်မှုကို ဘုတလင်မြို့နယ်ပကဖအဖွဲ့၊ ဘုတလင်မြို့နယ်တိုက်နယ်၂အဖွဲ့၊ ဘုတလင်မြို့နယ် မဟာအဖွဲ့၊ ဘုတလင်မြို့နယ်ရမ်းဘီလူးအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးမြို့နယ်ထံမှ သိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ချီပါရွာတံတားထိပ်၌ တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သားများထိခိုက် သေဆုံးမှုရှိနိုင်ကြောင်း ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရွှေဘိုမှတာဝန်ရှိသူတစ်ဦးက ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဧပြီလ ၁၈ ရက်နေ့ ရွှေဘိုမြို့မှ အင်အား ၅၀ ခန့်ဖြင့် ချီပါရွာသို့ စစ်ကြောင်းထိုးလာပြီး ချီပါရွာ တံတား ထိပ်၌ ရပ်တန့်နေရာယူခဲ့ကြောင်း၊ ထို့နောက် ရွှေဘိုမြို့မှ အိမ်စီးကား ၂ စီး၊ ၁၂ ဘီးကား တစ်စီးဖြင့် အင်အား ၁၅၀ ခန့်ထပ်ဖြည့်ကာ ရှေ့ဆက်စစ်ကြောင်းထိုးရန် ပြင်ဆင်နေစဉ် ပြည်သူ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

“ရွှေဘိုကနေ ချီပါတံတားထိပ်ကို ခြေလျင်အရင်လာပြီး ကားနဲ့စစ်အင်အားထပ်ဖြည့်တာ၊ ဆက်ထွက် ဖို့ပြင်နေတဲ့အချိန် ကျနော်တို့မဟာမိတ်တွေက ထွက်လာတာနဲ့ ဆီးပစ်ကြတာ၊ အခုထိမဆုတ်ကြ သေးဘူး၊ ချီပါမှာပဲ တန့်ခံနေတယ်။ထိခိုက်သေဆုံးမှုတော့ရှိနိုင်ပေမယ့် သတင်းအတည်ပြုဖို့ မလွယ် ဘူးဖြစ်နေတယ်။ အခုလည်း အင်အားထပ်ဖြည့်နေတယ်၊ အခုဆိုရင် အင်အားက ၃၀၀ ဝန်းကျင်ရှိ နိုင်တယ်” ဟု ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ရွှေဘိုမှ တာဝန်ရှိသူက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ရွှေဘိုProject Flight (Fight for Democracy )ဒရုန်းတပ်ဖွဲ့ ၊‌ ရွှေဘိုအားမာန် မြို့ပြပျောက်ကျား၊ သိင်္ခအားမာန်မဟူရာရွှေဘိုသား (LPDF)Yaung Ni – SHWEBO ပြည်သူ့ကာကွယ်ရေးအဖွဲ့ Flying Dragon Forceရွှေဘို စွန်ရဲနှင့် ဗိုလ်မဟာပြည်သူ့ကာကွယ်ရေးအဖွဲ့တို့မှ ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ထို့ပြင် ယင်းတိုက်ပွဲအတွင်း SHAR HTOO WAW နည်းပညာတပ်ဖွဲ့ Team6 Drop for Justice -DFJမတစ်ထောင် (တစ်ကောင်ဘွား) – ဒီပဲယင်းအဖွဲ့ တို့က Fixed Wings Droneများဖြင့် ဝေဟင် စစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article