ဒီကနေ့ ဧပြီ ၂၃ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ဒရုန်းနဲ့ တိုက်ခိုက်ခံရတဲ့ ဒဏ်ရာ သက်သာနေပြီဖြစ်တဲ့ အကြမ်းဖက် ဒုတိယ စစ်ခေါင်းဆောင် စိုးဝင်း ဟာ စစ်ကောင်စီအတွက် အရေးပါတဲ့ အစည်းအဝေးကို မတက်တဲ့အပြင် နေပြည်တော်မှာလည်း ရှိမနေဘူးလို့ နေပြည်တော် စစ်ဘက် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- အကြမ်းဖက် မင်းအောင်လှိုင်ရဲ့ မိန်းမ ကြူကြူလှ နဲ့ သားသမီးတွေ မြေးတွေ ပြင်ဦးလွင်တပ်နယ် သင်္ကြန်မဏ္ဍပ်တွေကို လည်ပတ်တဲ့အချိန် ဗိုလ်ချုပ်ကတော်တွေက အောက် ခြေသိမ်းလုပ်ကိုင်ပေးရပြီး ယတြာ စံပယ် ပန်းကုန်းတွေကို အရာရှိကတော်တွေကိုယ်တိုင် သီကုံးပေးရတယ်လို့ ပြင်ဦးလွင် တပ်မတော်သိပ္ပံ နဲ့ သုတေသနနည်းပညာဌာနချုပ်ရဲ့ စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်က တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက်အခြမ်း ထွက်ပြေးတိမ်းရှောင် နေကြတဲ့ စစ်ဘေးရှောင် အများစု နေရပ်ပြန်နေကြပြီး တချို့ မပြန်ချင်သေးတဲ့ စစ်ဘေးရှောင်တွေကိုပါ ထိုင်းဘက်က ပြန်လည်ပို့ဆောင်ခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက် ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
